ပေါက်တော ငှက်ချောင်း ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၄) ဦးကို ရခိုင်လူမျိုးများက လူမဆန်စွာ ရိုက်နှက်
ခင်မောင်နိုင် Rohingya Today

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၄) ဦးကို ရခိုင်လူမျိုးများက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

ပေါက်တောမြို့နယ်၊ ငှက်ချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၄) ဦးသည် ဒီဇင်ဘာလ (၄) ရက်နေ့ နံနက် ၈ နာရီခန့် အချိန်တွင် ငှက်ချောင်းဒုက္ခသည်စခန်းနှင့် ဆင်ပိုက်ကျေးရွာ (ရခိုင်ရွာ) ကြားရှိ လယ်ကွင်းမှ ဖမ်းဆီးရမိသည့် ငှက်များဖြင့် အိမ်ပြန်လာနေစဉ် ဆင်ပိုက်ကျေးရွာမှ ရခိုင်လူမျိုးများက ငှက်များလုယူရာတွင် ရိုဟင်ဂျာများက မပေးဘဲ ထွက်ပြေးသွားရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ရခိုင်ရွာသားများက အဆိုပါ ရိုဟင်ဂျာ (၄) ဦးကို ဝိုင်းဝန်း ဖမ်းဆီး၍ ငှက်များ လုယက်ယူသည့်အပြင် သတိလစ်သွားသည့်အထိ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

“ရိုက်တာက တော်တော်လေး လူမဆန်ဘူးဗျ။ သေသွားပြီလို့ ထင်ခဲ့တာ။ တစ်နာရီလောက်ကြာပြီးမှ သတိပြန်ရတော့ ထူပြီး သွေးထွက်နေတဲ့ ဒဏ်ရာတွေနဲ့ ဒုက္ခသည်စခန်းကို မနက် ၁၀ နာရီလောက် ပြန်ခေါ်လာတာ” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။

ငှက်ချောင်းဒုက္ခသည်စခန်းသည် ဆင်ပိုက်ရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး ရခိုင်လူမျိုးများသည် ငှက်ချောင်းသို့ လာလေ့ရှိပြီး ဒုက္ခသည်များကလည်း ဆင်ပိုက်ရွာသို့ သွားရောက်၍ ဈေးဝယ်နိုင်သည့်အထိ တဖက်နှင့် တဖက် အသွားအလာ၊ အဆက်အသွယ်ရှိကြသည့်ကြားက အစွန်းရောက် ၂၀ ဦးခန့်က ဝိုင်းဝန်း၍ ငှက်များ လုယက်ယူသည့်အပြင် လူမဆန်စွာရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ဒဏ်ရာရရှိသူများကို အာဏာပိုင်များက ကူညီဆောင်ရွက် ပေးခြင်း မရှိသဖြင့် ဒုက္ခသည်စခန်းထဲတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးကုသမှု ခံယူနေရသည်။

Pauktaw

Pauktaw

Pauktaw

Pauktaw

 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ