ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအား နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းခံခြင်း
BROUK

မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) မှ သတင်းထုတ်ပြန်ချက်
ချက်ချင်းထုတ်ပြန်ရန် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအား နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းခံခြင်း 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့
 
ရိုဟင်ဂျာပြည်သူလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရာတွင် တာဝန်ရှိသူ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် အခြား မြန်မာ့စစ်ဘက် အရာရှိ ခြောက်ဦးတို့အား နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ပေးရန် အတွက် ဗြိတိန်နိုင်ငံ ဗမာ ရိုဟင်ဂျာ အဖွဲ့ (BROUK) က အာဂျင်တီးနားရှိ တရားရုံးတွင် လျှောက်ထားခဲ့ သည်။ 
 
“ဒါက ရိုဟင်ဂျာလူထုတွေအပေါ်မှာ ဆယ်စုနှစ်များစွာကြာရှည်အောင် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ မှုအတွက် တာဝန်ခံစေရေးရှေးရှုဆောင်ရွက်ရာမှာ သမိုင်းဝင်တဲ့၊ အရင်ကမလှမ်းထားဖူးသေးတဲ့ ခြေ လှမ်းတစ်ခုပဲ ဖြစ်ပါတယ်... ဒါဟာ တရားမျှတမှုအတွက် ကျွန်တော်တို့တွေဝင်ခဲ့တဲ့တိုက်ပွဲရဲ့ အသီးအပွင့် ရလဒ်တွေ စတင်ခံစားလာရပြီဆိုတာ ပြသနေတာပဲဖြစ်ပါတယ်” ဟု BROUK အဖွဲ့၏ ဥက္ကဋ္ဌ ဦးထွန်းခင် က ဆိုသည်။
 
“အာဂျင်တီးနား တရားစီရင်ရေးပိုင်းက ဒီရာဇဝတ်မှုတွေကို တစ်စိုက်မတ်မတ်စုံစမ်းစစ်ဆေးနေခဲ့ပြီးဖြစ် ပါတယ်... ယခုအခါမှာတော့ တရားရုံးအနေနဲ့ ဒီပုဂ္ဂိုလ် ၇ ဦးဟာ တာဝန်ရှိကြောင်း ထင်ရှားနေတဲ့ သက် သေအထောက်အထားတွေနဲ့အညီ တုံ့ပြန်ဆောင်ရွက်ပေးပြီး၊ နိုင်ငံတကာ ဖမ်းဝရမ်းအမိန့်ကို ချက်ခြင်း ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာပါ... လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေအနေနဲ့ ဥပဒေ နဲ့လွတ်ကင်းရာ ဘယ်လိုနေရာမျိုးမှာမှ ပုန်းကွယ်မနေနိုင်အောင် လုပ်ဆောင်သင့်တာပါ”။ 
 
ယနေ့ကဲ့သို့ တိုးတက်မှုအခြေအနေသည် ရိုဟင်ဂျာလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုး နွှယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် မြန်မာပြည်သူလူထုနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၏ အခန်းကဏ္ဍအကြောင်း အာဂျင်တီးနားနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုရလဒ်၏ တစ်စိတ် တစ်ဒေသဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူအောက်တွင် ယင်းသို့သော ရာဇဝတ် မှုများကို မည်သည့်နေရာတွင် ကျူးလွန်သည်မဆို စုံစမ်းစစ်ဆေးနိုင်သည် ဖြစ်သည်။ အဆိုပါအမှုကို BROUK အဖွဲ့၏ လျှောက်လဲချက်အပေါ်အခြေခံဥ ၂၀၂၁ ခုနှစ်တွင် ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။ 
 
အာဂျင်တီးနား တရားစွဲဆိုရေးပိုင်းက စုံစမ်းစစ်ဆေးခြင်းကို ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်ရှိ ရို ဟင်ဂျာ ရွာအတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုအပေါ် အ လေးပေး စုံစမ်းစစ်ဆေးခြင်းဖြင့် ကနဦးစတင်ခဲ့သည်။ မြန်မာစစ်တပ်နှင့် ရဲများသည် ရွာကိုတိုက်ခိုက်ခဲ့ ပြီး၊ မြင်မြင်ရာ မီးရှို့တိုက်သွင်းမှုကြောင့် ရိုဟင်ဂျာလူထုပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရကာ၊ ထိခိုက်နစ်နာ သူများ၏ ခန္ဓာကိုယ်ရုပ်အလောင်းများအား ပုံပျက်ပန်းပျက်ဖြစ်စေခဲ့ပြီး၊ နေအိမ်များကို မီးရှို့ဖျက်ဆီး ကာ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့ကြသည်။ ရှေ့ဆက်၍ တရားစွဲဆိုရေးပိုင်းက ၂၀၁၇ ခုနှစ် “နယ်မြေရှင်း လင်းရေး စီမံချက်” အောက် ရခိုင်ပြည်နယ်ရှိ အခြားသော ကျေးရွာများနှင့် နယ်မြေဒေသများအတွင်း ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုအကြောင်းအရာများကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။ 
 
ဖမ်းဝရမ်းထုတ်ရန် BROUK အဖွဲ့မှတောင်းဆိုချက်တွင် အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ရှိသည့် လူပု ဂ္ဂိုလ် ၇ ဦးတို့၏ အမည်ကိုထည့်သွင်းဖော်ပြထားသော်လည်း၊ အမှုစုံစမ်းစစ်ဆေးမှု တိုးတက်မှုများအရ အခြား နောက်ထပ် ကျူးလွန်သူများကိုလည်း ဖမ်းဝရမ်းထပ်ဆင့် ထုတ်ပြန်သွားနိုင်သည်ဖြစ်သည်။ ယခု ဖမ်းဝရမ်းထုတ်ရန်တောင်းခံသည့် အမည်စာရင်းတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် အမိန့် ပေး စေခိုင်းရာတွင် တာဝန်ရှိသည့် မြန်မာစစ်တပ်၏ ဗိုလ်ချုပ်မှူးကြီး၊ ၂၀၂၁ စစ်အာဏာသိမ်းခေါင်း ဆောင်ဖြစ်သူ မင်းအောင်လှိုင်နှင့်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းစသည့် အကြီးတန်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များပါဝင်သည်။ ဖမ်းဝရမ်းတောင်းခံလွှာတွင် သတ်ဖြတ်မှုများနှင့် တိုက်ခိုက်မှုများအတွင်း မုဒိန်းမှု တိုက်ရိုက်ကျူးလွန်ခဲ့သူ ကျေးရွာဥက္ကဋ္ဌတစ်ဦးနှင့် ရဲအရာရှိတစ်ဦးစသည့် လက်အောက်ခံ ရာထူး နိမ့် အရာရှိ နှစ်ဦးတို့လည်းပါဝင်သည်။ ၎င်းတို့သည် လူမျိုးတုံးသတ်ဖြတ်မှုရာဇဝတ်မှုနှင့် လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုအပါအဝင် အာဂျင်တီးနား ပြစ်မှုဆိုင်ရာ ရာဇ သတ်ကြီးပုဒ်မအောက်ပြစ်မှုများဖြင့် စွဲဆိုခံထားရသည်။ 
 
မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် မင်းအောင်လှိုင်နှင့် အခြားပြစ်မှုကျူးလွန်သူများကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ် မှုဖြင့် တရားစွဲဆိုသင့်ကြောင်း အကြံပြုထားသည်။ 
 
ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းခံလွှာကို အမှုစုံစမ်းစစ်ဆေးရေးအဆင့်တစ်လျှောက် တွေ့ရှိလာသည့် အ သေးစိတ်ဖြစ်သော၊ မှန်ကန်ယုံကြည်ရသော သက်သေအထောက်အထားများအပေါ်တွင် အခြေခံထား ခြင်းဖြစ်သည်။ ၎င်းတွင် ယခုနှစ် ဇွန်လအတွင်း တရားရုံးတွင် သက်သေထွက်ဆိုရန် ဗျူနိုအေးရိစ်မြို့သို့ လာရောက်ခဲ့သည့်၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှ ရှင်သန်လွတ်မြောက်လာသူ မျက်မြင်သက်သေ ၇ ဦးတို့၏ ထွက်ဆိုချက်များလည်းပါဝင်သည်။ 
 
ဖမ်းဝရမ်းထုတ်ပြန်ရန် BROUK အဖွဲ့၏ လျှောက်ထားတောင်းခံချက်ကို ဗျူနိုအေးရိစ်မြို့ရှိ အောက် ဖယ်ဒရယ်တရားရုံး အမှတ် ၁ နှင့် တရားစွဲဆိုရေးပိုင်းတို့က စဉ်းစားသွားမည်ဖြစ်သည်။ တရားရုံးမှလက် ခံပါက နိုင်ငံတကာ ရဲတပ်ဖွဲ့အနေဖြင့် စာရင်းထုတ်ဖော်ထားသည့် ပုဂ္ဂိုလ်များအတွက် နိုင်ငံတကာ ဖမ်း ဝရမ်းကို အလိုအလျောက်ထုတ်ပြန်သွားစေနိုင်မည် ဖြစ်သည်။ ဖမ်းဝရမ်းအကြောင်းကိုလည်း အရှေ့ တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၊ ဥရောပသမဂ္ဂ၊ အာဖရိက သမဂ္ဂ၊ အစ္စလာမ်မစ်နိုင်ငံများ ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် ကျူးလွန်သူများအပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ခရီးသွားလာခွင့် ပိတ်ပင်မှုများ ပြုလုပ်နေသည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် နှင့် ကနေဒါ စသည့်နိုင်ငံများအား အ သိပေးအကြောင်းကြားသွားရန် BROUK အဖွဲ့မှ တောင်းဆိုထားပါသည်။ 
 
“၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့မှာကျူးလွန်ခဲ့တဲ့ အကျဉ်းတန်ရာဇဝတ်မှုများအပြင် လူမျိုးတုံးသတ် ဖြတ်မှုအတွက် တာဝန်ရှိတဲ့သူတွေကို စီစဉ်ခဲ့သူတွေပဲဖြစ်ဖြစ်၊ တိုက်ရိုက်ကျူးလွန်ခဲ့တဲ့သူတွေပဲဖြစ်ဖြစ် အားလုံးကို တာဝန်ခံခိုင်းရမှာဖြစ်ပါတယ်... ဒီ အစုအပြုံလိုက်ရက်စက်စွာသတ်ဖြတ်မှုကြောင့် ပြောမပြ နိုင်လောက်အောင် နာကြင်ခံစားခဲ့ကြရပြီး၊ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားနေခဲ့တယ်ဆိုတာကိုလည်း ဒီ ဖြစ်ရပ်တွေက နည်းလမ်းများစွာနဲ့ သက်သေပြနေတာပဲဖြစ်ပါတယ်... သို့သော်လည်း ဝမ်းနည်းစွာပဲ ဒါ က ရိုဟင်ဂျာလူထုတွေ ဆယ်စုနှစ်နဲ့ချီပြီး ရင်ဆိုင်ကြုံတွေ့ ခံစားခဲ့ရတဲ့ အကြမ်းဖက်မှုနဲ့ အလွဲသုံးစားပြုခံ ရမှု ဥပမာတွေအများကြီးထဲကမှ တစ်ခုပဲရှိပါသေးတယ်” ဟု ဦးထွန်းခင်က ဆိုသည်။ 
 
အာဂျင်တီးနားနိုင်ငံတွင် စွဲဆိုထားသောအမှုသည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ တစ် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ရှိသည့် ပထမဆုံးအမှုဖြစ်သည်။ အမှုဖွင့်ဆိုကတည်းက BYOUK အဖွဲ့ သည် မြန်မာစစ်တပ်အပေါ် စုံစမ်းစစ်ဆေးမှုများအား ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများအား ဖေ့စ် ဘုတ် ပလက်ဖောင်းပေါ်တွင် မည်သို့ မျှဝေမှုများရှိခဲ့ကြောင်း ဖေ့စ်ဘုတ်ထံမှ သတင်းအချက်အလက် တောင်းခံခြင်းအားဖြင့်အပါအဝင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။ စုံစမ်းစစ်ဆေးရာတွင် အာ ဂျင်တီးနားနိုင်ငံရှိ တရားစွဲဆိုရေးအဖွဲ့အား မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) ကလည်း ပံ့ပိုးကူညီခဲ့သည်။ 
 
BROUK အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများသည် အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးတို့တွင် စွဲဆိုထားသည့် အမှုများစသည့် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ တရားရေးလုပ်ငန်း စဉ်များနှင့်လည်း အပြန်အလှန်ဖြည့်စွက်မှုရှိသည်။ 
 
ယင်းကြိုးပမ်းအားထုတ်မှုများသည် မြန်မာစစ်တပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ် အာဏာသိမ်းမှုမှတစ်ဆင့် နိုင်ငံတော်အာဏာထိန်းချုပ်ခဲ့ချိန်မှစပြီး အရေးတကြီးလုပ်ဆောင်ရမည့် အား ထုတ်မှုများဖြစ်လာခဲ့သည်။ ထိုစဉ်မှစ၍ စစ်တပ်နှင့် ၎င်း၏ ကြံရာပါထောက်ခံသူများသည် စစ်တပ်အုပ် ချုပ်မှုအား ဆန့်ကျင်သူတို့ကို ထောင်နှင့်ချီ၍ သတ်ဖြတ်၊ ဖမ်းဆီးခဲ့ပြီးဖြစ်သည်။ 
 
“တရားမျှတမှုအတွက် ကျွန်တော်တို့တိုက်ပွဲဝင်နေတာဟာ ရိုဟင်ဂျာတွေအတွက်ပဲမဟုတ်ပါဘူး၊ ဘယ် လိုတိုင်းရင်းသားလူမျိုးမဆို မြန်မာစစ်တပ်ကြောင့် ထိခိုက်နစ်နာရသူအားလုံးအတွက် ဖြစ်ပါတယ်...စစ် တပ်က မြန်မာနိုင်ငံနဲ့ လူထုတွေအပေါ်မှာ ဆယ်စုနှစ်များစွာချီပြီး ခြောက်လှန့်ခြယ်လှယ်ခဲ့ပြီး၊ လွန်ခဲ့တဲ့ နှစ်နှစ်ကာလ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖိနှိပ်မှုတွေက ပိုမိုဆိုးရွားပြင်းထန်လာခဲ့တာပါ” ဟု ဦးထွန်း ခင်က ဆိုသည်။ 
 
“အာဂျင်တီးနားနိုင်ငံ တရားစီရင်ရေးအဖွဲ့အနေနဲ့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးဖို့ ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် ကျွန်တော်တို့ တိုက်တွန်းပါတယ်... ဖမ်းဝရမ်းထုတ်ပြန်ဖို့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို လက်ခံမယ်ဆိုရင် ဒါဟာ သမိုင်းဝင်တိုးတက်မှုတစ်ခုဖြစ်ပြီး သန်း ပေါင်းများစွာသော ထိခိုက်နစ်နာသူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာနိုင်စေမှာ ဖြစ် ပါတယ်... ဒီလိုဆိုရင် တစ်ကမ္ဘာလုံးက မျက်လုံးတွေ သူတို့အပေါ်မှာရောက်နေပြီဆိုတာကိုလည်း မင်း အောင်လှိုင်နဲ့ တခြား အရာရှိတွေကို မျက်ဝါးထင်ထင် ပြသနိုင်မှာပါ” 
 
နောက်ခံအကြောင်းအရာ 
 
BROUK အဖွဲ့၏ ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းဆိုချက်တွင် ပါဝင်သည့် ပုဂ္ဂိုလ် ၇ ဦး (ရာထူးများအားလုံး သည် အခြားဖော်ပြထားသည်မှအပ သြဂုတ်လ ၂၇ ရက်နေ့ အစုလိုက်အပြုံလိုက်ရက်စက်စွာ သတ်ဖြတ် မှုဖြစ်ပွားချိန်တွင် ၎င်းတို့ထမ်းဆောင်ခဲ့သော ရာထူးများအတိုင်းဖြစ်သည်) တို့မှာ အောက်ပါအတိုင်းဖြစ် သည် - 
၁။ မင်းအောင်လှိုင် - ဗိုလ်ချုပ်မှူးကြီး နှင့် ၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင်
၂။ စိုးဝင်း - ဒုတိယဗိုလ်ချုပ်မှူးကြီး
၃။ အောင်ကျော်ဇော - အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့ ဗိုလ်မှူး 
၄။ မောင်မောင်စိုး - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး 
၅။ အောင်အောင် - အမှတ် (၃၃) ခြေမြန်တပ်ရင်း တပ်မမှူး 
၆။ ကျော်ချေ - ရဲအရာရှိ
၇။ အောင်ဆန်းမြ - ကျေးရွာဥက္ကဋ္ဌ
 
ထပ်မံလိုအပ်သည့်အချက်အလက်များအတွက် ထွန်းခင် ကို +၄၄၇၈၈၈၇၁၄၈၆၆ တွင် ဆက်သွယ် နိုင်ပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ