ဘူးသီးတောင် သိမ်တောင်ပြင် ကျေးရွာတာဝန်ခံက နေအိမ်ပြုပြင်ခွင့်အတွက် အာဏာပိုင်များကို ပေးရန်ဟုဆိုကာ ငွေညှစ်ပြီး ခွင့်ပြုခဲ့သော်လည်း ပိုင်ရှင်များထံမှ အာဏာပိုင်များက ထပ်မံ၍ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာတာဝန်ခံက နေအိမ်ပြုပြင်ခွင့်အတွက် အာဏာပိုင်များကို ပေးရန်ဟုဆိုကာ ငွေညှစ်ပြီး ခွင့်ပြုခဲ့သော်လည်း ယခုအခါ ပိုင်ရှင်များထံမှ အာဏာပိုင်များက ထပ်မံငွေညှစ်ခဲ့သည်။ 

နိုဝင်ဘာလ (၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင်မွတ်စလင်ရွာမှ ဦးဖဇာလ်ကရီးမ် (ဘ) ဦးဂူလာမ်ကာဒဲရ် (အသက် ၄၀ နှစ်) သည် ၎င်း၏ အိမ်ပြုပြင်ရန် ရှိသည်ကို ကျေးရွာတာဝန်ခံ ဦးရရှီးဒ် (ဘ) ဦးဟဆာန် (အသက် ၃၆ နှစ်) ထံ အကြောင်းကြားရာ ဦးရရှီးဒ်က ၎င်းကိုယ်တိုင် သက်ဆိုင်ရာ ဌာနပေါင်းစုံမှ ခွင့်ပြုချက် ယူလာပေးမည်ဟု ပြော၍ ဦးဖဇာလ်ကရီးမ်ထံမှ ငွေကျပ် နှစ်သိန်း ယူပြီးနောက် နှုတ်ဖြင့် အိမ်ပြုပြင်ခွင့် ပေးလိုက်သဖြင့် အိမ်ပြုပြင်ပြီးစီးသည့် ယခုအချိန်တွင် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းက အကြိမ်ကြိမ် လာရောက်၍ လိုက်ရှာခဲ့သောကြောင့် နောက်ထပ် ငွေကျပ် ငါးသောင်း ပေးခဲ့ရကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဦးရှရီးဒ်သည် ယခင်က အလွန်ဆင်းရဲခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ကျေးရွာတာဝန်ခံဖြစ်လာပြီး ၂၀၁၅ မှ ၂၀၁၈ အထိ ကျေးရွာတာဝန်ခံရာထူး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူပြီး ရွာသားများကို မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက် ငွေညှစ်၍ နွား ၁၀ ကောင်း၊ စားကျက်မြေ (၁၂.၈) ဧက၊ လယ်ယာမြေ (၄) ဧကနှင့် အခြား ရွှေ၊ ငွေများ စုဆောင်းထားသည်ဟု သိမ်တောင်ပြင် ရွာသားတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ