ဘူးသီးတောင် ဖရုံချောင်းတွင် တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို ဖြိုဖျက်၍ လယ်ယာလုပ်ငန်းသုံး အဆောက်အဦများနှင့် အိမ်သုံးထင်းများအဖြစ် အသုံးပြုနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းကျေးရွာအုပ်စုမှ တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို ဖြိုဖျက်၍ လယ်ယာလုပ်ငန်းသုံး အဆောက်အဦများနှင့် အိမ်သုံးထင်းများအဖြစ် အသုံးပြုလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ ဖရုံချောင်းမွတ်စလင်ရွာမှ ဦးမိုဟမ္မဒ်ဆွာလေ (ဘ) ဦးဆုလ်တာန် (အသက် ၃၂-နှစ်) နှင့် ပြိုင်းတောင်ကျေးရွာနေ ဦးအဗ်ဒူဂျလီလ်း (ဘ) ဦးမိုဟမ္မဒ်အာလီ (အသက် ၄၈-နှစ်)၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကူ ၂ ဦးတို့ ပူပေါင်း၍ ပြိုင်းတောင်ကျေးရွာတွင်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များ၏ နေအိမ်များကို ဖြိုဖျက်ပြီး ၎င်းတို့၏လုပ်ငန်းတွင် စပါး၊ ထင်း၊ စပါးခွံများ သိုလှောင်ရုံ၊ နွားရုံကြီးများ၊ နွားစောင့်တဲ၊ ဟင်းခင်းတဲများ စသည်များ ဆောက်လုပ်နေသည့်အပြင် ကျန်သည့်သစ်သားများကိုလည်း အိမ်သုံးထင်းအဖြစ် အသုံးပြုလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

သုံးလအတွင်း ဖြိုဖျက်ဖျက်ဆီးခံခဲ့ရသည့် အိမ်များ၏ ပိုင်ရှင်များမှာ -- (၁) ဦးမိုဟမ္မဒ်ဆိဒ္ဒိက် (ဘ) ဦးဟုဆိန်းဂျူဟာရး (၂) ဦးမိုဟမ္မဒ်အာမီန်း (၃) ဦးမက်တူလ်ဟုဆိန်း (ဘ) ဦးနဇီရ်ဟုဆိန်း (၄) ဦးအာဘူလ်ဟုဆိန်း (၅) ဦးယူဆုဖ် (ဘ) ဦးဇာဟိဒ်ဟုဆိန်း (၆) ဦးအဗ်ဒူလ်ကရီမ်း (ဘ) ဦးမာလီဆာန် (၇) ဦးခိုက်ရူလ်အာမီန်း (ဘ) ဦးအာလီအဟ်မဒ် (၈) ဦးဆုလ်တာန် (၉) ဂျမီလ်ဟုဆိန်း (၁၀) ဦဖဇားလ် တို့ဖြစ်ကြသည်။

ပြိုင်းတောင်ကျေးရွာတွင် တည်ရှိခဲ့သော ရိုဟင်ဂျာ အိမ်ခြေ ၁၇၀ ကျော်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းတွင် ၁၅၀ နီးပါး နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံနေခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ