ဘူးသီးတောင်တွင် စစ်တပ်၊ သစ်တောဦးစီးဌာနနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က စိုင်းဒင်မှ ဝါးယူလာ၍ ရောင်းချသူများထံမှ ငွေအလွန်အကျွံ ကောက်ခံနေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်တပ်၊ သစ်တောဦးစီးဌာနနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က စိုင်းဒင်မှ ဝါးယူလာ၍ ရောင်းချသူများထံမှ ငွေအလွန်အကျွံ ကောက်ခံလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ကင်းတောင်ကျေးရွာအနီး၌ အခြေစိုက်သည့် အမှတ် (၅၅၁) တပ်ရင်းမှ ဒုတပ်ကြပ် ဆရာဝင်းလှသည် တပ်ရင်းအပိုင် စိုင်းဒင်ချောင်းအနီးတစ်ဝိုက် ဝါးရောင်းဝယ်ရေးပြုလုပ်သည့် ဝါးလုပ်ငန်းရှင် ၇၈ ဦးထံမှ ပွင့်လင်း ရာသီတစ်ခုလုံးတွင် ဝါးများ ခုတ်ထစ်ယူဆောင်လာ၍ ရောင်းချခွင့်အတွက် လုပ်ငန်းရှင် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀၀ (နှစ်သိန်း) စီ ကောက်ခံခဲ့သည်။

ယခုအခါ လုပ်ငန်းရှင်များက အလုပ်သမားများနှင့် ဝါးများ စတင်ခုတ်ယူလျက်ရှိရာ ထပ်မံ၍ ငွေကျပ် ၅၀၀၀၀ (ငါးသောင်း) စီ အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထိုကဲ့သို့ ဝါးရောင်းချသူများအနေဖြင့် ခွင့်ပြုမိန့် ရယူရန် သစ်တောဦးစီးဌာနနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ကိုလည်း ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျော်စီ ပေးခဲ့ရကြောင်း ဝါးရောင်းချသူ တစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ