ဘူးသီးတောင် အထက်ကျွဲကြိုမော်မှ ရာအိမ်မှူးတစ်ဦးက တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ နေအိမ်များတွင် ဝင်ရောက်နေထိုင်သူများထံမှ ငွေညှစ်
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထက်ကျွဲကြိုမော်ကျေးရွာအုပ်စုမှ ရာအိမ်မှူးတစ်ဦးသည် ယင်းရွာမှ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဒုက္ခသည်များ၏ အိမ်အလွတ်များတွင် ဝင်ရောက်နေထိုင်နေသူများထံမှ ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု ကာဒီကျေးရွာနေ ရာအိမ်မှူး မိုဟမ္မဒ်ဂျမီးလ် (ဘ) ဦးဒိလ်မိုဟမ္မဒ် (အသက် ၃၁-နှစ်) သည် ယင်းရွာမှ နေရပ်စွန့်ခွာပြီး တဖက်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်များ၏ အိမ်အလွတ်များတွင် ဝင်ရောက်၍ ယာယီ နေထိုင်နေသော ဆွေမျိုးများထံမှ နိုဝင်ဘာလ (၂၂) ရက်နေ့မှစ၍ တစ်အိမ်လျှင် ငွေကျပ် ၃၀၀၀၀ (သုံးသောင်း) မှ ၅၀၀၀၀ (ငါးသောင်း) အထိ ကောက်ခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ငွေမပေးနိုင်လျှင် ထိုနေအိမ်များမှ ထွက်သွားရန် ပြောသည့်အပြင် အိမ်ကို အခြားတစ်ဦးဦးကိုရောင်းချလိုက်မည်ဟုလည်း ခြိမ်းခြောက်ပြောဆို နေကြောင်းသိရသည်။

ကာဒီရွာတွင် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေသည့် အိမ်အလွတ် အလုံး ၁၀၀ နီးပါးရှိမည်ဖြစ်ပြီး အစားထိုးဝင်ရောက်နေထိုင်နေသည့် အိမ်များမှာ ၂၂-လုံးခန့်ရှိသည်ဟု ရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ