ဘူးသီးတောင် မိကျောင်းဈေးမှ ရိုဟင်ဂျာ ၄ ဦးကို လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ရန် ကြိုးစားနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးကျေးရွာအုပ်စုမှ အပြစ်မဲ့ ရိုဟင်ဂျာ ၄ ဦးကို လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ရန် ကြိုးစားနေသည်။

ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟဖီးဇုရ်ရာဟ်မာန် (ဘ) ဦးဆယိဒုရ်ရာဟ်မာန် (အသက် ၆၅ နှစ်) နှင့် တောင်ဘဇာ နယ်ခြေားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးထွန်းလှိုင် တို့နှစ်ဦး ပူးပေါင်း၍ (၁) ဆင်သေရွာမှ ဦးအာဘူဆုဘိယားန် (ဘ) ဦးအဗ်ဒူလ်မာလိခ် (အသက် ၄၅ နှစ်)၊  (၂) ရွာသစ်မှ ဦးအာလောမ်ရှား (ဘ) ဦးမိုဟမ္မဒ်နူးရ် (အသက် ၃၂ နှစ်)၊ (၃) ဆင်သေရွာမှ မော်လဝီ အိဗ်ရာဟိမ်း (ဘ) ဦးအာဘူလ်ဖော်ဇောလ် (အသက် ၃၇ နှစ်)၊ နှင့် (၄) ဗိုလ်ကြီးချောင်းရွာမှ ဦးကရီမူလ္လာ (ဘ) ဦးဝလီအူလ္လာ (အသက် ၄၀ နှစ်) တို့ကို ARSA နှင့် ဆက်စပ်မှုရှိသည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ လွန်ခဲ့သည့် ၃ ရက်လောက်မှစ၍ တစ်ဦးလျှင် ငွေကျပ် ၆ သိန်းစီ ပေးရမည်ဟု ဆိုကာ တောင်းခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

“ရိုဟင်ဂျာတွေဆီ ငွေညှစ်နိုင်ဖို့ ရည်ရွယ်ပြီး မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်တာ အများကြီးရှိတယ်။ ငွေမပေးနိုင်တဲ့သူတွေကို အဲလို စွပ်စွဲချက်နဲ့ ထောင်ချခဲ့တာလည်း အများကြီးရှိတာကြောင့် လူအများစုက ထောင်မကျရေးအတွက် ငွေပေးလိုက်ရတယ်” ဟု မိကျောင်းဈေးရွာသားတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ