ဘူးသီးတောင် မိကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲနှင့် ပူးပေါင်း၍ ရွာသားတစ်ဦးထံမှ မတရားသဖြင့် ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲနှင့် ပူးပေါင်း၍ ရွာသားတစ်ဦးထံမှ ငွေညှစ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် အင်းချောင်းကျေးရွာအုပ်စု ၊ ဈေးတဲ့တောင်ကျေးရွာမှ မအာရီဖာ (ဘ) ဦးနူရ်အာလောမ် (အသက် ၂၀-နှစ်) သည် ၎င်း၏ ယောက္ခမနှင့် ခင်ပွန်းတို့ထံမှ မဟာရွှေအစား ရရှိခဲ့သည့် နွား ၄ ကောင် (နွားထီး ၁ ကောင်နှင့် နွားမ ၃ ကောင်) ကို ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ၎င်း၏ ဖခင်ဖြစ်သူ မိကျောင်းဈေးကျေးရွာအုပ်စု၊ မိကျောင်းဈေးကျေးရွာမှ ဦးနူရ်အာလောမ် (ဘ) ဦးဟကီးမ်အာလီ (အသက် ၅၀ နှစ်) ကို အပ်နှံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

နွား ၄ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ထားသူ ဦးနူရ်အာလောမ် ကို မိကျောင်းဈေးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟဖီးဇုရ်ရာဟ်မာန် (အသက် ၆၅ နှစ်) က ထွက်ပြေးသူများ၏ ပစ္စည်းများကို အစိုးရကပိုင်သည်ဟု ဆိုကာ အကြိမ်ကြိမ်ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားသော်လည်း မပေးသဖြင့် နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဖောင်တော်ပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲအုပ်နှင့် ရဲအင်အားများဖြင့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။

"အခုကိစ္စက တော်တော့်ကို စိတ်မကောင်းဖြစ်စရာပါ၊ အဲဒီနွားတွေကို အာရီဖာက တဖက်နိုင်ငံကို ထွက်ပြေးမသွားခင် သူ့ဖခင်အရင်းကို ပေးလိုက်တယ်ဆိုတာ တစ်ရွာလုံးက သိတ့ဲအပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကကလည်း သိရက်သားနဲ့ အခုလို လုပ်လိုက်တာက ရွာသားတွေကို ဂရုမစိုက်ဘဲ အုပ်ချုပ်ရေးမှူးအာဏာကို အလွှဲသုံးစားပြီး လုပ်ချင်သလို လုပ်နေတယ်လို့သာ ပြောပါရစေ'' ဟု အဆိုပါ ရွာသားက ဆက်လက်ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ