နေရာအနှံ့တွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာအများအပြားထဲမှ ၁၀၅ ဦးကို အကျဉ်းထောင်များမှ ပြန်လွှတ်ပြီး နေရပ်များသို့ ပြန်ပို့
မျိုးသူရ Rohingya Today

မောင်တော ။ ။ လူကုန်ကူးသူများ၏ စည်းရုံးလှုံ့ဆော်မှုကြောင့် ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ တရားမဝင် ထွက်ခွာသွားသည့် ရိုဟင်ဂျာများကို ဒေသဆိုင်ရာ အာဏာပိုင်များက နေရာအနှံ့တွင် ဖမ်းဆီးပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းထားခဲ့သည်။ ထိုကဲ့သို့ ဖမ်းဆီးခံရသူများထဲမှ ရိုဟင်ဂျာ ၁၀၅ ဦးကို စစ်တွေမြို့မှ တဆင့် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ 

ဇန်နဝါရီလ (၁၂) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာသို့ ၄၉ ဦး ပြန်လည် ရောက်ရှိလာခဲ့သည်ဟု မြို့ခံများက Rohingya Today သို့ပြောသည်။ ၄၉ ဦးတွင် မောင်တောမြို့နယ်မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၂၃) ဦး၊ ဘူးသီးတောင်မြို့နယ်မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၁၀) ဦး တို့ဖြစ်ကြသည်။ ဘူးသီးတောင်မြို့နယ် ၁၈ ဦးကို ရပ်မိရပ်ဖ ဦးရော်ဖိခ်ထံ အပ်နှံခဲ့ပြီး၊ မောင်တောမြို့နယ်မှ (၃၁) ဦးကို ကြယ်လတည်းခိုရိပ်သာနှင့် စိန်ကမ္ဘာ တည်းခိုရိပ်သာတို့တွင် ထားရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူရော်မန်ထံ အပ်နှံခဲ့သည်။ 

စစ်တွေမြို့မှ အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၁၀) ဦး၊ ကျောက်တော်မြို့မှ အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၁) ဦး၊ မြောက်ဦးမြို့နယ်မှ အမျိုးသား (၁) ဦး၊ ပေါက်တောမြို့နယ်မှ အမျိုးသား (၃) ဦး၊ မင်းပြားမြို့နယ်မှ အမျိုးသား (၄) ဦးတို့ကိုလည်း နေရပ်အသီသီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ