ထပ်မံတွေ့ရှိခဲ့သည့် ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၈၆ ဦးကိုလည်း နေရပ်သို့ ပြန်လည်ပို့ဆောင်
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ၈၆ ဦးကို နေရပ်သို့ ပြန်လည် ပို့ဆောင်လိုက်သည်။

နိုဝင်ဘာလ (၂၁) ရက်နေ့က ကျောက်ဖြူမြို့နယ်တွင် တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၈၆ ဦးကို နိုဝင်ဘာလ (၂၂) ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် အစိုးရအစီအစဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

အာဏာပိုင်များက ၎င်းတို့ အားလုံးကိုလည်း NV ကဒ်များ ထုတ်ပေးပြီး ညနေ ၅းဝဝ ခန့်အချိန်တွင် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ စစ်တွေမြို့ ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများနှင့် ကလေးများအပါအဝင် များစွာသော ရိုဟင်ဂျာများသည် ပိတ်လှောင်ခံထားရသည့် ဘဝမှ လွတ်မြောက်ရေးအတွက် ကြုံတွေ့ရမည့် အန္တရာယ်အမျိုးမျိုးကို ဂရုမစိုက်တော့ဘဲ မလေးရှားနိုင်ငံသို့ နည်းအမျိုးမျိုးဖြင့် ထွက်ခွာလျက်ရှိရာ နိုဝင်ဘာလ ပထမပတ် အတွင်း ရိုဟင်ဂျားများ တင်ဆောင်ထားသည့် စက်လှေ ၃ စီးသည် စစ်တွေမြို့ သဲချောင်းကမ်းခြေမှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသည့်အနက် ၂ စီးကို မြန်မာရေတပ်က ဖမ်းဆီးပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရိုဟင်ဂျာ ၁၂၂ ဦး တင်ဆောင်ထားသည့် နောက်ထပ် စက်လှေတစ်စီးကိုလည်း မြန်မာရေတပ်က ဖမ်းဆီးရမိထားကြောင်း စစ်တွေမြို့မှ ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ