မောင်တော ရွှေဇားရွာမှ ရွာသူရွာသားများကို အန်ဂျီအိုတစ်ခုမှ ပေးအပ်သည့် ငွေများထဲမှ အုပ်ချုပ်ရေးအဖွဲ့က ဖြတ်ယူ
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားရွာမှ အိမ်ထောင်စု ၆၀ စုကို အန်ဂျီအိုတစ်ခုမှ ငွေကြေးအချို့ ပေးအပ်ခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့မှ ဖြတ်ယူခဲ့သည်။ 

ဇူလိုင်လ (၁၀) ရက်နေ့တွင် NRC အမည်ရှိသည် အန်ဂျီအိုအဖွဲ့တစ်ဖွဲ့သည် မောင်တောမြို့နယ် ရွှေဇားကျေးရွာသို့ ရောက်ရှိလာပြီး စေတီပြင်နှင့် ရွှေဇားအလယ်ရွာမှ အိမ်ထောင်စု (၆၀) စုကို ငွေကျပ် ၂၁၆၀၀၀ (နှစ်သိန်းတစ်သောင်းခြောက်ထောင်) စီကို စာအိတ်ဖြင့်ထည့်၍ ကျေးရွာတာဝန်ခံ ဦးမော်နီရ်အာမတ်၏ နေအိမ်ခြံဝင်းထဲတွင် ဝေငှပေးခဲ့သည်။ 

စာအိတ်ဖြင့် ငွေလက်ခံရရှိသူများ ခြံထဲမှ မထွက်ခင် ကျေးရွာတာဝန်ခံ၏ လူယုံများက စာအိတ်များကို ဖောက်၍ ငွေကျပ် ၁၁၆၀၀၀ (တစ်သိန်းတစ်သောင်းခြောက်ထောင်) ကျပ်စီ ဖြတ်ယူခဲ့သောကြောင့် ငွေကျပ် တစ်သောင်းစီသာ ရရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

လွန်ခဲ့သည့်နှစ်ကလည်း အန်ဂျီတစ်ခုမှ အိမ်ထောင်စုတစ်စုလျှင် ၁၆၅၀၀၀ (တစ်သိန်းခြောက်သောင်းငါးထောင်) ကျပ်စီပေးအပ်ခဲ့ရာ ၁၅၅၀၀၀ (တစ်သိန်းငါးသောင်းငါးထောင်) ကျပ်စီ ဖြတ်ယူ၍ ငွေကျပ်တစ်သောင်းစီ ပေးအပ်ခဲ့သည်။ 

အလုပ်အကိုင်ရှားပါးမှု၊ သွားလာရေး ကန့်သတ်ထားမှုတို့ကြောင့် အခက်အခဲပေါင်းစုံ ကြုံတွေ့နေရချိန်တွင် အထောက်အပံ့ရရှိသည်များကို အုပ်ချုပ်ရေးအဖွဲ့မှ ဖြတ်စားနေသည့်အတွက် ရွာသူရွာသားများ စိတ်ပျက်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ