မောင်တောမြို့တွင် ယာဉ်ထိန်းရဲများက သုံးဘီးတက္ကစီများမှ ငွေကောက်ခံရာတွင် လူမျိုးခွဲခြား၍ ငွေပမာဏသတ်မှတ် ကောက်ခံ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်တွင် ပြေးဆွဲနေသည့် သုံးဘီးတက္ကစီများမှ ယာဉ်ထိန်းရဲများက ငွေကောက်ခံရာတွင် လူမျိုးခွဲခြား၍ ငွေပမာဏသတ်မှတ်၍ ကောက်ခံလျက်ရှိသည်။ 

မောင်တောမြို့ပေါ်တွင် ပြေးဆွဲနေသည့် သုံးဘီးတက္ကစီ (CNG) များမှ ယာဉ်ထိန်းရဲများက ဇွန်လ (၂၅) ရက်နေ့မှစ၍ ငွေကောက်ခံနေသည်။

ယာဉ်ထိန်းရဲများသည် မောင်တောပြည်သူ့ဆေးရုံ၏ အရှေ့ဘက်၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှေ့ ယာဉ်ထိန်းရဲရုံးရှေ့လမ်းပေါ်တွင် စောင့်ဆိုင်းကာ သွားလာသမျှ သုံးဘီးတက္ကစီများကို ရပ်တန့်ခိုင်းပြီး ယာဉ်လိုင်စင်၊ ယာဉ်နံပါတ်၊ ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးသည်။ လိုင်စင်များ ပြနိုင်လျှင်လည်း မြို့ပေါ်တွင် ပြေးဆွဲသည့်အတွက်ဟု ဆိုကာ ငွေကျပ် ၅၀၀၀ စီ ကောက်ခံလျက်ရှိသည်။

လိုင်စင်တစ်ခုခု မရှိလျှင် ငွေကျပ် ၅ သောင်းမှ တစ်သိန်း ညှစ်ယူနေသည်ဟု မြို့ခံများက Rohingya Today သို့ပြောသည်။ 

လိုင်စင်အားလုံးရှိပြီး ရိုဟင်ဂျာလူမျိုးဖြစ်လျှင် ငွေကျပ် ၅၀၀၀ ပေးရပြီး၊ ဗုဒ္ဓဘာသာဝင်ဆိုလျှင် ငွေကျပ် ၂၀၀၀ သာ ပေးရသည်။ အချို့ဗုဒ္ဓဘာသာဝင်များထံမှ ငွေကောက်ခံခြင်း လုံး၀ မရှိကြောင်း မြို့ခံများက ဆိုကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ