မောင်တော မြောက်ပိုင်းတွင် ကွာရန်တင်းရက်ပြည့်ပြီး ပြန်လာသူများထံမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေညှစ်
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာမှ ကွာရန်တင်းဝင်ရသူများသည် ၂၁ ရက်ပြည့်သွားပြီ ဖြစ်၍ ၎င်းတို့၏ ကျေးရွာသို့ ပြန်လာခဲ့ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ခရီးစရိတ်ဟုဆိုကာ အကြောင်းပြ၍ ငွေညှစ်ခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာအမှတ် ၂၃၄ နှင့် ဆက်စပ်၍ လှဖိုးခေါင်စခန်းတွင် ကွာရန်တင်းဝင်ရသူများသည် ၂၁ ရက်ပြည့်သွားသောကြောင့် ဇွန်လ ၂၆ ရက်နေ့တွင် ဦးရှည်ကျကျေးရွာသို့ ပြန်လာခဲ့ကြသည်။ 

ကျေးရွာသို့ရောက်သည်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆီရာဇ် ခရီးစရိတ်ဟု အကြောင်းပြကာ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

၂၁ ရက်ကွာရန်တင်းဝင်ရခြင်းကြောင့် ငွေကြေးကျပ်တည်းနေချိန်တွင် ယခုကဲ့သို့ ငွေညှစ်ခြင်းမှာ အလွန်ပင် မတရားပြုကျင့်ခံရခြင်းကြောင့် အလွန်စိတ်ပျက်မိကြောင်း၊ ၎င်းတို့၏ ခန္ဓကိုယ်တွင် ပါရှိသည့် ရွှေများကို ပေါင်နှံ၍ ပေးခဲ့ရသည်ဟု ကွာရန်တင်းဝင်ခဲ့ရသူတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ