ရိုဟင်ဂျာ့ ဘဝ
ယျာတင် (ရိုဟင်းသား) Rohingya Today
ဓါတ်ပုံ - Kevin Frayer/Getty Images

ရိုဟင်ဂျာ့ ဘဝ

ကိုးကွယ်ရာတစ်ခု၊
အမည်နာမတစ်ခု၊
လူ့ဂုဏ်သိက္ခာတစ်ခု

သုံးခုရတနာ အပေါ်
ငါတို့ မြဲမြံခဲ့ဖို့

ရွယ်စုံ ဇီဝိန်
ခိုစရာ အိုးအိမ်
စံစရာ စည်းစိမ်

စတေးခဲ့ရ အကြိမ်ကြိမ်
ပေးဆပ်ခဲ့ရ အကြိမ်ကြိမ်
စွန့်လွှတ်ခဲ့ရ အကြိမ်ကြိမ်။

အို ... လောက နိဗ္ဗာန်
ချစ်မဝတဲ့ ရွှေအာရကန်
သင် ကျန်းမာပါစ။

သင်နဲ့ဝေးရာ 
ကမ်းလက်ငယ်မှာ
ဒုက္ခဝန်ရွက်
သက်ရှူ မဝ
မျက်ရည်စက်နှင့်
ညည်းမိပါတယ်
"မင်းမှမင်းပဲ" သီချင်းသာ
နေ့ညမရွေး အခါခါ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ