မင်းပြားမြို့နယ်မှ ငါးဖမ်းနေသူနှစ်ဦးကို ဓါးများကိုင်ဆောင်ထားသူ ၈ ဦးက ထိုးကြိတ်ရိုက်နှက်သည့်အပြင် ဓါးဖြင့်ခုတ်
ခင်မောင်နိုင် Rohingya Today
ဓါတျပုံ - Mapio.net

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဆင်ကြီးပြင်ကျေးရွာမှ ငါးဖမ်းနေသည့် ရွာသားနှစ်ဦးကို ဓါးများကိုင်ဆောင်ထားသူ ၈ ဦးက ထိုးကြိတ်ရိုက်နှက်သည့်အပြင် ဓါးဖြင့်ခုတ်၍ ထွက်ပြေးသွားခဲ့သည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် မင်းပြားမြို့နယ် ဆင်ကြီးပြင်ကျေးရွာမှ ဦးအာဘူတာလဲခ် (ဘ) ဦးအော်လီအာမတ် နှင့် ဦးမာမတ်ဆော်လိမ် (ဘ) ဦးအေဇာရ်မျာ တို့သည် စက်လှေတစ်စီးဖြင့် ရွာအနီးရှိ ချောင်း၌ ငါးဖမ်းနေစဉ် ဓါးများကိုင်ဆောင်ထားသည့် ရခိုင်ရွာသား ၈ ဦးရောက်ရှိလာပြီး ၎င်းတို့ကို အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်သည့်အပြင် ဓါးဖြင့်ခုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထိုးကြိတ်ခံရပြီး ဓါးဖြင့် ခုတ်ခံရသူနှစ်ဦးသည် ၎င်းတို့အား ထိုးကြိတ်ရိုက်နှက်သူများ ထွက်သွားပြီးနောက် စက်လှေကို မောင်း၍ ရွာသို့ ပြန်လာခဲ့ကြသည်။ ၎င်းတို့သည် ဆေးရုံသို့ သွားရောက်၍ ဆေးကုသနိုင်ခြင်း မရှိသဖြင့် ဒဏ်ရာများကို နေအိမ်များ၌ ကျန်းမာရေး လုပ်သားများထံမှ ဆေးကုသမှု ခံရယူနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ