အပြည်ပြည်ဆိုင်ရာ ရိုဟင်ဂျာလူငယ်ညီလာခံ ထုတ်ပြန်ကြေညာချက်
BROUK Rohingya Today

အပြည်ပြည်ဆိုင်ရာ ရိုဟင်ဂျာလူငယ်ညီလာခံ ထုတ်ပြန်ကြေညာချက်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃) ရက်

နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူမှု ပြုလုပ်ရန် ရိုဟင်ဂျာလူငယ်များက သမိုင်းမှတ်တိုင် ညီလာခံတစ်ခုတွင် တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာလူငယ်များနှင့်အခြားတိုင်းရင်းသားလူနည်းစုတက်ကြွလှုပ်ရှားသူများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကိုအဆုံးသတ်ရန်နှင့် တရားမျှတမှုကို တောင်းဆိုရန် သမိုင်းမှတ်တိုင်ညီလာခံတစ်ခုတွင်စုရုံးခဲ့ကြသည်ဟု မြန်မာရိုဟင်ဂျာအဖွဲ့အစည်း ယူကေ (BROUK) မှယနေ့ ကြေညာလိုက်သည်။

ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ ရိုဟင်ဂျာလူငယ်များ ညီလာခံကို နိုဝင်ဘာလ ၂၉ မှဒီဇင်ဘာ ၁ ရက်အတွင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်၊ Queen Mary တက္ကသိုလ်၌ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၉ နိုင်ငံမှ တက်ရောက်သူ ၄၅ ဦး ကျော်တက်ရောက်ခဲ့ကြပြီး ရိုဟင်ဂျာများ သာမက ကရင်၊ ကချင်၊ ဗမာ၊ တိဘက်နှင့် အူဂါးရ် အုပ်စုများကိုပါ ကိုယ်စားပြုသူများတက်ရောက်ခဲ့ကြသည်။

“ရိုဟင်ဂျာလူမျိုးများ၏ မရေရာနိုင်သော ရပ်တည်ရှင်သန်ရေး နည်းတူပင် လူငယ်များသည် ယခင်ကာလများထက် ပို၍ အရေးကြီးလာပြီ ဖြစ်သည်။ ၎င်းတို့သည်ကျွန်ုပ်တို့၏အနာဂတ်ခေါင်းဆောင်များဖြစ်ပြီးကျွန်ုပ်တို့၏လှုပ်ရှားမှုအတွက်အတွေးအခေါ်များ၊ စွမ်းအင်နှင့်အရေးတကြီးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သည်။ ယခုသီတင်းပတ်အတွင်း ကျင်းပသော ညီလာခံသည် ၎င်းတို့၏အသံကို နားထောင်ရုံသာမက ဖိနှိပ်မှုအတွင်း နေထိုင်နေကြရသော အခြားလူနည်းစု အုပ်စုများနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်အတွက် ထူးခြားသည့် အခွင့်အလမ်းတစ်ခု ဖြစ်သည်” ဟု BROUK ဥက္ကဌ ဦးထွန်းခင်ကပြောကြားခဲ့သည်။

“လူငယ်များဟာ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ချိုးဖောက်မှုများကို အဆုံးသတ်ရန်နှင့် တာဝန်ရှိသူများအား တရားမျှတမှုဆီသို့ ခေါ်ဆောင်လာရန်ဟူသည့်  ၎င်းတို့၏ တောင်းဆိုမှုများတွင် စည်းလုံးညီညွတ်နေကြပြီ ဖြစ်တယ်။ ယခုအချိန်ဟာ ကမ္ဘာကြီးအနေဖြင့် အလေးထားနားထောင်ပြီး အရေးယူဆောင်ရွက်ရမည့် အချိန်ဖြစ်တယ်။”

ညီလာခံ၌ အဓိကအကြောင်းအရာမှာ "ရိုဟင်ဂျာ လူငယ်လှုပ်ရှားမှုကို ပျိုးထောင်ခြင်းနှင့် နှိုးဆော်စည်းရုံးခြင်း” ဖြစ်ပြီး ကမ္ဘာတဝှမ်းမှ ရိုဟင်ဂျာ လူငယ်ခေါင်းဆောင်များသည် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအပေါ်သက်ရောက်မှုရှိသော လူမှုရေးနှင့်နိုင်ငံရေး အရေးကိစ္စများကို ဆွေးနွေးကြရန်ဖြစ်သည်။ ထိုအရေးကိစ္စများတွင် လှုပ်ရှားမှု၏ စွမ်းရည်ကို မည်သို့မြှင့်တင်ရန်၊ ဒုက္ခသည်နှင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းခံရသူများ၏  အသိုင်းအဝိုင်းများကို မည်သို့ထောက်ပံ့ရန်၊ အခြားအရပ်ဘက် လူ့အဖွဲ့အစည်းမဟာမိတ်များနှင့် စည်းလုံးညီညွတ်မှုကို မည်သို့ တည်ဆောက်ရန်နှင့် သင်ယူမှုအခွင့်အလမ်းများဖန်တီးရန်တို့ ပါဝင်သည်။"

“ကချင်လူမျိုးတွေ ဖိနှိပ်ခံခဲ့ရသလိုပဲ ဒီနေ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတယ်။ ကျနော်တို့ဟာ  နစ်နာခံစားရသူတွေ အတူတူပဲ ဖြစ်ကြတယ်။ အခုအချိန်ဟာ တရားမျှတမှုရဖို့ အတွက် အင်အားစုတွေကို သွေးစည်းညီညွတ်မှုနဲ့ ချိတ်ဆက်ဖို့ အချိန်ရောက်ပြီ။ ဒီလူငယ်ညီလာခံဟာ အင်မတန်ကို အားတက်စရာ ဖြစ်ခဲ့တယ် ဒါက ဂုဏ်သိက္ခာနဲ့ လုံခြုံမှုရှိတဲ့ ဘဝအတွက် သူတို့ရဲ့ လိုအင်ဆန္ဒမှာ စည်းလုံးညီညွတ်နေတဲ့ လူမှုအသိုက်အဝန်းတွေ အကြားပေါင်းကူးတံတားတွေ တည်ဆောက်ခြင်းကို အကူအညီဖြစ်စေခဲ့တယ်” ဟု  ကချင်အမျိုးသားအစည်းအရုံး၏ နိုင်ငံခြားရေး အတွင်းဝန် ခမ်ပါး ဆာဒန်း က ပြောကြားခဲ့သည်။

ဒီနေ့ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတာဟာ ကရင်လူမျိုးတွေလည်းပဲ နှစ်ပေါင်း ၆၀ကျော် ရင်ဆိုင်ခဲ့ကြရတာ ဖြစ်တယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးမှု၊ ကလေးငယ်တွေကို သတ်ဖြတ်မှုတွေ။ အစိုးရနှင့်စစ်တပ်က ရိုဟင်ဂျာတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွေဟာ မှားယွင်းတယ်လို့ ပြောတဲ့အခါမှာ ကျမတို့အပေါ်ကို ဒီလိုမျိုး ပုံစံတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တုန်းကလည်း သူတို့ အဲ့ဒီလိုပဲ ပြောခဲ့တာကို မှတ်မိနေသေးတယ်။  ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ရိုဟင်ဂျာ ညီအကိုတွေ ညီအစ်မတွေနဲ့အတူ သွေးစည်းညီညွတ်မှုနဲ့ ရပ်တည်နေကြတာဖြစ်တယ်၊ ပြီးတော့ ကျမတို့ရဲ့ စုပေါင်းအားထုတ်မှုတွေဟာ ကျမတို့ အသိုင်းအဝိုင်း အားလုံးအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကရင်လူမျိုး တက်ကြွလှုပ်ရှားသူ နန့်ဘွားဘွားဖန်း ကပြောခဲ့သည်။

ညီလာခံတက်ရောက်သူများ-

ဒုက္ခသည် အသိုင်းအဝိုင်းများနှင့် ပြည်ပအခြေချသူများကို တက်ကြွစွာ ချိတ်ဆက်ပါဝင်စေပြီး ရိုဟင်ဂျာ အားလုံးအတွင် အလုပ်လုပ်မည့် အပြည်ပြည်ဆိုင်ရာ ရိုဟင်ဂျာလူငယ်လှုပ်ရှားမှု တစ်ခုဖွဲ့စည်းရန် ၎င်းတို့၏ သံဓိဌာန်ချမှုကို ဖော်ထုတ်ပြောကြားခဲ့သည်။

- ကုလသမဂ္ဂ၏လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး တရားရုံး (ICJ)နှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်များ အပါအဝင် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုယန္တရားများနှင့်တရားစွဲဆိုမှုများ ဖြစ်ပေါ်တိုးတက်ရေးအတွက် ၎င်းတို့၏ ခိုင်မာသော ထောက်ခံမှုကို ထုတ်ဖော်ပြောကြားပါသည်။ ဤနိုင်ငံတကာ ဥပဒေရေးရာ ကြိုးပမ်းမှုများကို ပူးပေါင်းဆောင်ရွက်၍ စဉ်ဆက်မပြတ် ပံ့ပိုးကူညီခြင်းဖြင့်သာလျှင် မြန်မာစစ်တပ်မှ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများနှင့်  စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများအား နောက်ဆုံးတွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အတွက် တာဝန်ရှိခံမှုဆီသို့ ခေါ်ဆောင်လာနိုင်မည်ဖြစ်သည်။

မြန်မာစစ်တပ်၏ ရာဇဝတ်မှုများနှင့် တိုင်းပြည်တွင်းမှ တိုင်းရင်းသား လူနည်းစုများအားလုံး အပေါ် နှိပ်စက်ညှင်းပန်းမှုများ၏ ကာလကြာရှည်နှင့် စနစ်တကျ ဖြစ်သော သဘောသဘာဝကို သိမြင်သဘောပေါက်ကြသည်။ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်လူမျိုးများနှင့် စစ်တပ်၏လက်အောက်တွင် ဘေးဒုက္ခများ ခံစားခဲ့ကြရသော မြန်မာနိုင်ငံမှ အခြား ညီအစ်ကို၊ ညီအစ်မများနှင့်အတူ ရိုဟင်ဂျာလူမျိုးများက စည်းလုံးညီညွတ်စွာရပ်တည်လျက်ရှိပါသည်။ ရိုဟင်ဂျာများအတွက် နိုင်ငံတကာ တရားမျှတမှုသည် နိုင်ငံ၏လူနည်းစု လူမျိုးအားလုံးအတွက် အောင်ပွဲတစ်ခုအဖြစ် ကိုယ်စားပြုမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ ခိုင်မာစွာ ယုံကြည်သည်။ ကျွန်ုပ်တို့သည်  နိုင်ငံ၏ ပြည်သူလူထုအားလုံးက နိုင်ငံသားဖြစ်မှုအပါအဝင် လူ့အခွင့်အရေးများကို ခံစားခွင့်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်ဟူသည့် ကျွန်ုပ်တို့၏ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရေးအတွက် အတူတကွ လုပ်ဆောင်ရန် အဆင်သင့်ရှိနေပါသည်။

- တရားမျှတမှုနှင့်တာဝန်ခံမှုအတွက် ရေရှည်လှုပ်ရှားရုန်းကန်မှုသည် အလုံးစုံဖြစ်ရမည်ဟု တောင်းဆိုသည်။ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုမှ အရင်းအမြစ်များနှင့်ထိတွေ့ဆက်ဆံမှုများသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ထို့ထက်မကသော ဒေသများမှ သေဘေးဒုက္ခမှ ခံစားလွတ်မြောက်ခဲ့သူ အောက်ခြေလူထုှများ ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်ရွှေ့ပြောင်းခံရသူ  အသိုင်းအဝိုင်းများကို တိုက်ရိုက်အထောက်အပံ့ပေးသည့် ပြန်လည်ဖော်ဆောင်ရေးနှင့် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှု ကြိုးပမ်းဆောင်ရွက်ချက်များကိုပါ ပါဝင်စေရန် တိုးချဲ့သင့်သည်။

အပြည်ပြည်ဆိုင်ရာအစိုးရများ၊ အန်ဂျီအိုများနှင့် အခြားဆောင်ရွက်သူများ အနေဖြင့် ၎င်းတို့၏ အစီအစဉ်များသည် ရိုဟင်ဂျာအဖွဲ့အစည်းများနှင့်တစ်ဦးချင်းစီကို - အထူးသဖြင့်လူငယ်များနှင့်အမျိုးသမီးများအား - ၎င်းတို့၏ အသိုင်းအဝိုင်းများအတွင်း ဦးဆောင်မှု ရယူရန်နှင့် ပိုမိုကျယ်ပြန့်သော မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပါဝင်နိုင်ရေးကို မြှင့်တင်နေသည့် ရိုဟင်ဂျာအသိုင်းအဝိုင်းများအား ကူညီရေးအတွက် ဦးတည် ပစ်မှတ်ထားမှု သေချာစေရန် ဆောင်ရွက်သင့်သည်ဟု တိုက်တွန်းနှိုးဆော်ပါသည်။ ရိုဟင်ဂျာအသိုင်းအဝိုင်းသည် ၎င်း၏ဖြစ်တည်မှု ကဏ္ဍအားလုံးနီးပါးတွင် ဖယ်ထုတ်ခြင်း၊ ကန့်သတ်ဘေးဖယ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး  ရိုဟင်ဂျာခေါင်းဆောင်များအား တက်ကြွသော ထောက်ခံပံ့ပိုးမှု ပျိုးထောင်မှုများမှ တဆင့်သာ နောက်ဆုံးတွင် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများကို ရရှိနိုင်မှာဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲများအနေဖြင့် အများယုံကြည်လက်ခံနိုင်ရေးအတွက် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ တဖန်ပြန်လည်ပါ ဝင်နိုင်ရန် မဖြစ်မနေလိုအပ်သည်ကို ညီလာခံ၌ သဘောတူလက်ခံခဲ့ကြသည်။

ညီလာခံကိုယ်စားလှယ်များသည် စစ်တပ်မှ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုကျူးလွန်ရေး ကော်မရှင်အတွက် အသုံးပြုနေသော ၎င်းတို့၏ ဝင်ငွေကို လျှော့ချနိုင်ရန်အတွက် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများ အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာ အရေးယူမှုများ ပြုလုပ်ရန် လိုအပ်သည်ကို ဆွေးနွေးကြသည်။

သတင်းအချက်အလက် ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍  ဦးထွန်းခင် + 44 (0) 7888714866 သို့ဆက်သွယ်ပါ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ