ဘူးသီးတောင် - မောင်တော လမ်းဆောက်လုပ်ရေးအဖွဲ့က ရိုဟင်ဂျာများ သစ်ခိုးသည်ဟု စွပ်စွဲ၍ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်းမှ မေယုတောင်တန်းကို ဖြတ်၍ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောင်းတောင်ကျေးရွာဘက်သို့ ကားလမ်းဖောက်လုပ်လျက်ရှိသည်။ ထိုလမ်းကို ယခုနှစ် နွေရာသီတွင် စတင်ခဲ့သည်။ 

လမ်းနယ်နိမိတ်သတ်မှတ်ပြီးနောက် လမ်းတစ်လျှောက်ရှိ တောင်ကုန်း၊ တောင်တန်း၊ ချုံတော၊ သစ်တောများကို ခုတ်ထွင် ရှင်းလင်းခဲ့သည်။ လမ်းဖောက်လုပ်နေသည့် လမ်းတစ်လျှောက် ပစ္စည်းများထားရန်နှင့် လမ်းဖောက်လုပ်သည့် လုပ်သားများ နေထိုင်ရန် တောင်တောင်မှ သစ်၊ ဝါးများခုတ်၍ ယာယီတဲတစ်ခု ဆောက်လုပ်ခဲ့သည်။ မိုးရာသီရောက်သည့်အခါ မိုးများရွာသွန်းမှုကြောင့် ဆက်လက်၍ လမ်းမဖောက်လုပ်နိုင်တော့ဘဲ အလုပ်သမားများလည်း ၎င်းတို့၏ နေရပ်များသို့ ပြန်သွားခဲ့ကြသည်။ ဆောက်လုပ်ထားသည့် ယာယီတဲလည်း မိုးဒဏ်၊ လေဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့သည်။

မိုးရာသီကုန်ဆုံးသည်နှင့် လမ်းဆောက်လုပ်ရေးအဖွဲ့ ပြန်လည်ရောက်ရှိလာပြီး၊ ပြိုကျပျက်စီးနေသည့် တဲကို တွေ့ရှိပြီးနောက် တဲကို ရိုဟင်ဂျာများက ဖြိုဖျက်၍ သစ်များခိုးယူခဲ့သည်ဟု စွပ်စွဲ၍ လမ်းဖောက်လုပ်စဉ် အလုပ်လုပ်ခဲ့သူ အထက်ကျွဲကြိုမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလင်း၏ ညီကို သစ်ခိုးသူများအား ဖော်ထုတ်စုံစမ်းပေးရန် ပြောဆိုခဲ့သည်။ ထို့နောက် ဦးလင်းလင်း၏ ညီဖြစ်သူက ဖုရားပြင်အောင်ပ၊ ကာဒီရွာ၊ ဖရုံချောင်း စသည့်အနီးအနား ကျေးရွာများတွင် စုံစမ်း၍ ဖရုံချောင်းကျေးရွာသားများက ခိုးယူခဲ့သည်ဟု လမ်းဆောက်လုပ်ရေးအဖွဲ့ကို တင်ပြခဲ့သည်။ လမ်းဆောက်လုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ရွာသား ၂၀ ကျော် ပါဝင်သည့် စာရင်းတစ်ခု ပြုစုကာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖရုံချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး ထံတိုင်တန်းခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက စာရင်းပါ ရွာသား ၂၀ ကျော်ကို ဆင့်ခေါ်၍ တဲကို ဖြိုဖျက်၍ သစ်များကို ခိုးယူခဲ့သည်ဟု စွပ်စွဲ၍ တစ်ဦးချင်းစီထံမှ ငွေကျပ် တစ်သိန်းမှ နှစ်သိန်းငါးသောင်းထိ ညှစ်ယူခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးရီဇူဝါန် (ဘ) ဦးနူရ်ရုလ်အာမီးန် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၂) ဦးနုရ်မာမတ် (ဘ) ဦးနော်ဇိရ်အာမတ် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၃) ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးဆီးဒိခ် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၄) ဦးအဒူရော်ဇက် (ဘ) ဦးအဒူရှုကူရ် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု) 
(၅) ဦးအီဆုပ် (ဘ) ဦးရှုနာမျာ (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၆) ဦးဟာလူ (ဘ) ဦးနူရူး (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၇) ဦးအဒူရော်ဇက် (ဘ) ဦးဆော်ယာဒ်ကာဆိမ်း (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၈) ဦးကာလူ (ဘ) ဦးအီလီယာစ် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၉) ဦးမော်ဂျီအုလ္လာ (ဘ) ဦးအာဘူဆီးဒိခ် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၁၀) ဦးဘော်ဒီရာမာန် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၁၁) ဦးအော်လီဟူစိန်း (ဘ) ဦးဖူတီးယား (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၁၂) ဦးလာလူး (ဘ) ဦးရှိဒ္ဒါရ် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၁၃) ဦးအာဘူးဆော်ယာဒ် (ဒိုးတန်း (၁) ဖရုံချောင်းကျေးရွာအုပ်စု)
(၁၄) ဦးနော်ဇီရ်အာမတ် (ဒိုးတန်း (၂) ဖရုံချောင်းကျေးရွာအုပ်စု)
(၁၅) ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးဟာဘီအုလ္လာ (ဒိုးတန်း (၂) ဖရုံချောင်းကျေးရွာအုပ်စု) -- တို့အပါအဝင် (၂၀) ဦးကျော်တို့ ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ