ဘူးသီးတောင် ညောင်ချောင်းနယ်မြေတွင် ရိုဟင်ဂျာများကို နေ့စဉ် လုပ်အားပေးခိုင်း
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်မြေအပိုင် ကျေးရွာများရှိ ရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူးက နေ့စဉ်လိုလို လုပ်အားပေးခိုင်းလျက် ရှိသည်။ 

ဇူလိုင်လတွင် ညောင်ချောင်းနယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို AA က တိုက်ခိုက်ပြီးနောက်ပိုင်း သြဂုတ်လဆန်းပိုင်းမှစ၍ ညောင်ချောင်းနယ်မြေပိုင် ကျေးရွာများမှ ရိုဟင်ဂျာများကို ကျေးရွာအလိုက် အလှည့်ကျ လုပ်အားပေးခိုင်းနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

“တစ်နေ့တစ်ရွာစီ အလှည့်ကျ လုပ်အားပေးခိုင်းနေတာပါ၊ အစက တစ်ပတ်တစ်ခါ၊ ဆယ်ရက်ကြာမှ တစ်ခါ လုပ်အားပေးခိုင်းတယ်၊ အောက်တိုဘာလလောက်ကစပြီး တစ်ပတ်ကို နှစ်ကြိမ်ခိုင်းတယ်၊ တစ်ခါခေါ်ရင် လူ အယောက် ၂၀ ကနေ ၃၀ ထိ ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“လုပ်အားပေးရတာလည်း တစ်နေကုန်၊ မနက်စောစော သွားရပြီး နေဝင်ချိန်မှ ပြန်လွတ်တယ်၊ လုပ်အားပေး ခေါ်စက နယ်မြေစခန်းခြံဝင်းအတွင်းဘက် ပတ်ပတ်လည်မှာ အနက် ၄ ပေ၊ ၅ ပေခန့်ရှိတဲ့ မြောင်းတူးခိုင်းတယ်၊ ခြံဝင်းအတွင်း တွင်းတွေ တူးခိုင်းခဲ့တယ်၊ အခုတော့ ဝါးတွေချွန်ပြီး ခြံဝင်းအပြင်ဘက် ပတ်ပတ်လည်မှာ ဘေးစောင်းပြီး စိုက်ခိုင်းတယ်၊ လှန်တွေ စိုက်ထားသလိုပဲ။ ရန်သူတွေ အနားမကပ်နိုင်အောင် လုပ်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ