ဘူးသီးတောင် ကင်းတောင်မှ ဆင်းရဲသားတစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးခေါ်ဆောင်သွား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကင်းတောင်ကျေးရွာအုပ်စု တောင်ရွာမှ ဦးအာရောဖ်အုလ္လာ (ဘ) ဦးအာဘူကာလာမ် (အသက် ၃၂ နှစ်) သည် နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ရွာသားနှစ်ဦးနှင့် အတူ စိုင်းဒင်မှ စက်လှေစီး၍ အိမ်သို့ ပြန်လာနေစဉ် လမ်းတစ်ပိုင်းမှ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဖမ်းဆီးခေါ်သွားခြင်းနှင့် ပတ်သက်၍ “ဖမ်းသွားတာ နှစ်ပတ်ကျော်နေပြီ၊ အခုထိတော့ ပြန်မလွတ်သေးဘူး၊ AA နဲ့ ပတ်သက်ပြီး စစ်တပ်ကို သတင်းပေးနေတယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုထိတော့ အသက်ရှင်လျက် ရှိနေတယ်လို့ မိသားစုတွေက စုံစမ်းသိရှိရတယ်။ မိသားစုတွေကတော့ သူ့ကို ပြန်ရွေးယူဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ဆက်လက်၍ ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ