ဘူးသီးတောင် အထက်ကျွဲကြိုမော် အုပ်ချုပ်ရေးမှူးက အမျိုးသမီးများကို ထောက်ပံ့ကြေးများ ထုတ်မပေးဘဲ နှစ်လကြာ ဆိုင်းငံ့ထားပြီးနောက် တစ်ဝက်ကျော်ဖြတ်စား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ အထက်ကျွဲကြိုမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလင်း (ဘ) ဦးရွှေမောင် က နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (နှစ်နှစ်အောက် ကလေးမိခင်) များအတွက် ထုတ်ပေးသည့် ထောက်ပံ့ကြေးများကို အချိန်မှန် ထုတ်မပေးဘဲ နှစ်လနီးပါး ဆိုင်းငံ့ထားပြီးနောက် တစ်ဝက်ကျော် ဖြတ်စားခဲ့သည်။ 

အထက်ကျွဲကြိုမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလင်း က စက်တင်ဘာလအတွက် အမျိုးသမီး ၁၀၀ ဦးစာ ထောက်ပံ့ကြေး ငွေကျပ် ၄၅ သိန်းကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူသွားပြီး ရွာသူရွာသားများကို မည်သို့မျှ မပြောဘဲ ငွေကို ထိန်းသိမ်းထားသည်။ နိုဝင်ဘာလတွင် ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေထုတ်ယူထားသည်ကို သိရှိ၍ အားလုံးက ၎င်းတို့ ရရှိမည့် ထောက်ပံ့ကြေးများကို ဆက်တိုက်တောင်းခံနေသဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ငွေကျပ် ၄၅၀၀၀ ကျပ်အစား ငွေကျပ်၂၀၀၀၀ စီသာ ထုတ်ပေးခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထိုသို့ ငွေကျပ် ၂၀၀၀၀ စီထုတ်ပေးရာတွင်လည်း အမျိုးသမီး ၂၀ ကျော်ကို စာရင်းမပါဟု ဆိုကာ ငွေမထုတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးက ယခင်လများတွင်လည်း ထောက်ပံ့ကြေးများ ထုတ်ပေးရာတွင် စာရင်းပါအတိုင်း ပုံမှန် ထုတ်မပေးဘဲ ဖြတ်စားခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ