ဘူးသီးတောင် ဖိုးခေါင်ချောင်းမှ ရိုဟင်ဂျာတစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်တစ်စုက လည်လှီးသတ်ဖြတ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံဒါးရွာမှ ဦးမာမတ်နော်ဆိမ် (ဘ) ဦးဟာလာမျာကို လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်တစ်စုက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးပြီး၊ လည်လှီးသတ်ဖြတ်ပြီးနောက် အလောင်းကို စက်လှေပေါ်သို့ တင်ဆောင်၍ ယူဆောင်သွားသည်။ 

နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံဒါးရွာမှ ဦးမာမတ်နော်ဆိမ် (ဘ) ဦးဟာလာမျာ (အသက် ၃၅ နှစ်) သည် ဖိုးခေါင်ချောင်း ချောင်း၌ ပိုက်ချ၍ ငါးဖမ်းနေစဉ် လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုး ၅ ဦးသည် စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ဦးမာမတ်နော်ဆိမ် က ၎င်းတွင်ရှိသည့် စက်တပ်လှေဖြင့် မောင်းနှင်၍ ကံဒါးရွာ ချောင်းကမ်းစပ်ရှိ အိမ်တစ်အိမ်တွင် ဝင်ရောက်ပုန်းနေခဲ့သည်။ 

လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်အုပ်စုက ယင်းအိမ်သို့ ရောက်ရှိလာပြီး ဝန်းရံ၍ ရှာဖွေနေသဖြင့် အိမ်မှ ထွက်၍ ထွက်ပြေးစဉ် ရခိုင်များက သေနတ်နှစ်ချက်ပစ်ခတ်ခဲ့သည်။ ဦးမာမတ်နော်ဆိမ်၏ ရင်ဘတ်ကို ကျည်ဆံတစ်ချက် ထိမှန်ပြီး လဲကျသွားရာ ရခိုင်များကို ၎င်းကို ဖမ်းဆီးပြီး စက်လှေပေါ်တင်၍ လည်လှီးသတ်ဖြတ်ပြီးနောက် အလောင်းကိုပါ ယူဆောင်သွားခဲ့သည်ဟု မျက်မြင်သက်သေများက Rohingya Today သို့ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ