ဘူးသီးတောင် သေခံခွဆုံ အုပ်ချုပ်ရေးမှူးက တဖက်နိုင်ငံသို့ သွားရောက်ခိုလှုံနေသူများ၏ ပစ္စည်းများကို အခြားသူများအား ရောင်းချနေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ ကျေးရွာအုပ်ချုပ်ရေးမှူးက တဖက်နိုင်ငံသို့ သွားရောက် ခိုလှုံနေသည့် ဒုက္ခသည်များ ပိုင်ဆိုင်သည့် ပစ္စည်းများကို အခြားသူများအား ရောင်းချလျက် ရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံ ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းညွန့်က ရွာရှိ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ပြုလုပ်ခဲ့သည့် အစိုးရ၏ နယ်မြေရှင်းလင်းရေးကို မခံနိုင်၍ နေရပ်စွန့်ခွာပြီး တဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များ၏ ပစ္စည်းများကို အခြားသူများအား ရောင်းချလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် သေကံခွဆုံကျေးရွာအုပ်စု၊ မောစ်တော်ဘီ ရွာရှိ ဦးနူရ်အာလောမ် (ဘ) ဦးဆယိဒ်အာလောမ် ၏ နေအိမ်ကို ရာအိမ်မှူး မိုဟမ္မဒ်ဟုဆိန်း (ဘ) နူရ်မိုဟမ္မဒ် (အသက် ၂၆-နှစ်) အား အုပ်ချုပ်ရေးမှူးက ငွေကျပ် ၅၀၀၀၀ (ငါးသောင်း) ဖြင့် ရောင်းချလိုက်သည်။ ထို့နောက် ဝယ်ယူသူက အိမ်ကိုဖြိုပျက်ပြီး ၎င်း၏ နေအိမ်ခြံဝင်းထဲသို့ ယူဆောင်လာကာ ပုံထားကြောင်း ရွာသားတစ်ဦးက ပြောပါသည်။

ထို့အပြင် နိုဝင်ဘာလ (၃) ရက်နေ့တွင်လည်း မောစ်တော်ဘီရွာရှိ  ဦးဂျာမာလ်ဟုဆိန်း (ဘ) ဦးအိမ်ဒါဒ်ဟုဆိန်း ၏ ဝ.၈၀ ဧကရှိ ဓနိခင်းကြီးကို အုပ်ချုပ်ရေးမှူးက ငွေကျပ် ၅၀၀၀၀၀ (ငါးသိန်း) ဖြင့် ဦးနူရုလ်ဟောခ် (ဘ) ဦးဟဘီးဘုရ်ရဟ်မာန်း (အသက် ၄၄-နှစ်) အား ရောင်းလိုက်သောကြောင့် ဝယ်ယူသူက ဓနိခင်းကို ခုတ်ထစ်ဖျက်ဆီးလျက်ရှိသည်ဟု အဆိုပါ ရွာသားက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ