ဘူးသီးတောင် ဘုရားပြင်အောင်ပ၌ ယင်လုံအိမ်သာ ဆောက်လုပ်သူ ငွေညှစ်ခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာမှ ယင်လုံအိမ်သာ ဆောက်လုပ်သည့် ရွာသားတစ်ဦးထံမှ ကျေးရွာအုပ်ချုပ်ရေးက ငွေညှစ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စု အကွက် (၁) မှ ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘော်ဆိရ်အာမတ် သည် ၎င်း၏ အိမ်တွင် အုတ်ဖြင့် ယင်လုံအိမ်သာတစ်လုံး အသစ်ဆောက်လုပ်ခဲ့သည်။ အိမ်သာဆောက်လုပ်ပြီးနောက် ဇူလိုင်လ (၁၀) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနှင့် ရာအိမ်မှူး ဦးမူဟိဖ်ဘူလ္လာ တို့က ဆင့်ခေါ်ပြီး ခွင့်ပြုချက်မပါဘဲ အိမ်သာဆောက်လုပ်ခြင်းကြောင့် တရားစွဲဆိုမည်၊ ဖမ်းဆီး ထောင်ချမည်ဟု အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ရခိုင်ပြည်နယ်တွင် အိမ်တိုင်း၌ ယင်လုံအိမ်သာ မရှိသဖြင့် ကျန်းမာရေးဌာနနှင့် NGO များပူးပေါင်း၍ NGO များက ယင်လုံအိမ်သာများ ဆောက်လုပ်ရန် လိုအပ်သည်များကို ထောက်ပံ့ကူညီလျက်ရှိသည်။ 

ကျန်းမာရေးနှင့် ညီညွတ်အောင် ယင်လုံအိမ်သာဆောက်လုပ်သည်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင် ငွေညှစ်လျက်ရှိသည်မှာ ကျန်းမာရေးဌာန၏ စီမံကိန်းနှင့် လူထု၏ ကျန်းမာရေးကို ထိခိုက်အောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ