ဘူးသီးတောင်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု ၆ ခုမှ အိမ်ခြေ တစ်သောင်းကျော်အတွက် စခန်း ၆ ခုကို အချိန်တိုအတွင်း ဆောက်ပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ပြော
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၆ ခုတွင် ရှိသော အိမ်ခြေ တစ်သောင်းကျော် အတွက် စခန်း ၆ ခုကို အချိန်တိုအတွင်း ဆောက်ပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးတွင် ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးက နိုဝင်ဘာလ (၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနှင့် စာရေးအချို့တို့ကို ဆင့်ခေါ်၍ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ်ရှိ ဖိုးခေါင်ချောင်း၊ ဒုအိုးသည်မ၊ မြောင်းနား၊ ဒါးပိုင်ဆရာ စသည့် ကျေးရွာအုပ်စု ၆ ခုတွင် ရှိသော အိမ်ခြေ တစ်သောင်းကျော်အတွက် ဒုက္ခသည်စခန်း ၆ ခုကို အချိန်တိုအတွင်း ဆောက်လုပ်ပေးပြီး အခြားကျေးရွာအုပ်စု ၆ ခုတွင်လည်း အလားတူ ဆက်လက် ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

“ဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရာတွေမှာ ပြန်ပြီး နေရာချပေးမယ် ပြောပြောပြီး ခေါ်လာမယ်၊ ပြီးရင် သူတို့ကို အခုဆောက်ပေးမယ် ပြောတဲ့ စခန်းတွေမှာပဲ ထားမှာပေါ့၊ နောက် ဂူတာပြင်မှာ လုပ်သလို အခုထိ ထွက်မပြေးဘဲ ကိုယ့်အိမ်မှာ ကိုယ်နေထိုင်နေကြတဲ့ ရိုဟင်ဂျာမိသားစုတွေကိုလည်း အဲဒီစခန်းတွေထဲ အတင်းသွင်းသွားမှာကိုလည်း ရွာသားတွေက စိုးရိမ်နေကြတယ်” ဟု မြောင်းနားမှ ရွာသားတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ