ကျောက်တော်မြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲကြား ရွာထဲရှိ ရိုဟင်ဂျာနှစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိုဟင်ဂျာ သားအဖ နှစ်ဦး ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ 

ကျောက်တော်မြို့နယ်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်က မြန်မာ့တပ်မတော်က စစ်သားအင်အား တစ်ထောင်ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်နေစဉ် ကျောက်တော်မြို့နယ် မြောက်ပိုင်းသို့ တက်သွားခဲ့သည်။ အဆိုပါ စစ်သားများသည် မေလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းမှ ပြန်ဆင်းလာစဉ် နံနက် ၈ နာရီခန့်၌ အလယ်ကျွန်းကျေးရွာ အနီး လမ်းဘေးတွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် စစ်သားများ ထိခိုက်ခြင်း မရှိသော်လည်း ရှေ့သို့ ဆက်မသွားဘဲ သေနတ်များ ပစ်ဖောက်၍ အလယ်ကျွန်းကျေးရွာထဲသို့ ဝင်သွားခဲ့သည်။ 

စစ်သားများ အလယ်ကျွန်းကျေးရွာသို့ ရောက်သည်နှင့် ကျေးရွာ၏ အနောက်ဘက်ရှိ ကုလားတန်မြစ် တစ်ဖက်ကမ်း နာဂါရာ ရခိုင်ရွာ အနီးမှ ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်သားများကလည်း ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထိုသို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် အလယ်ကျွန်းကျေးရွာမှ အလယ်ကျွန်းကျေးရွာမှ ဦးအာမီးရ်ဟူစိန်း၏ သား ဇူဘိုင်ရ်နှင့် အခြားသားတစ်ဦး ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထိမှန်ခဲ့သည့် ကျည်ဆံများမှာ မည်သည့်အဖွဲ့က ပစ်ခတ်သည့် ကျည်ဆံဖြစ်သည်ကို ခွဲခြား၍ မသိရဟု ဒေသခံများက ဆိုကြသည်။ 

Bullets

လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့သည် နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ နေ့လည် ၁၂ နာရီအချိန်တွင် စစ်သားများသည် တပ်မ ဘက်သို့ ဆင်းသွားခဲ့သည်။ 

လမ်းဘေးတွင် ပေါက်ကွဲခဲ့သည့် မိုင်းမှာ ရခိုင့်တပ်တော် AA ဘက်မှ ထောင်ထားသည့် မိုင်းဖြစ်သည်ကို စစ်သားများက သိရှိသော်လည်း အလယ်ကျွန်းကျေးရွာသို့ ဝင်ရောက်၍ သေနတ်ပစ်ဖောက်ခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ရာ ဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ 

ကျောက်တော်မြို့နယ်တွင် ဆေးရုံတက်ခွင့် မရှိသောကြောင့် ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိသူများမှာ ကျန်းမာရေး လုပ်သားများထံမှ ဆေးကုသမှု ခံယူနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ