အစိုးရတစ်ရပ်တည်းက ထောင်လည်းချ၊ လွတ်ငြိမ်းလည်းပေး (သတင်းထုတ်ပြန်ချက်)
BHRN Rohingya Today

၂၀၁၉၊ ဧပြီ ၂၄။ လန်ဒန်၊ ယူကေ။ သြင်္ကန်နှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့သော အကျဉ်းသား ၉၀၀၀ကျော်တွင် မြန်မာမွတ်စလင်များနှင့် ရိုဟင်ဂျာလူမျိုးများ ပါဝင်ခြင်းမရှိကြောင်း တွေ့ရသည်။

မြန်မာအစိုးရအနေဖြင့် ဗုဒ္ဓဘာသာနှစ်သစ်ကူးနှင့်တိုက်ဆိုင်ပြီး မူးယစ်ဆေးမှုဖြင့်အကျဉ်းကျနေသူ အကျဉ်းသားအများအပြားကို လွတ်ငြိမ်းသက်သာခွင့်ပေးလေ့ရှိသည်။ ယခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၂ ဦးသာ အိမ်ပြန်လာနိုင်ခဲ့ကြောင်းနှင့် ရာနှင့်ချီသော နိုင်ငံရေးသမားများ ကျန်ရှိနေသေး ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)နှင့် မီဒီယာများ၏ ဖော်ပြ ချက်အရ သိရသည်။

နှစ်သစ်ကူးလွတ်ငြိမ်းခွင့်ပေးခြင်းသည် ဗဟိုကချုပ်ကိုင်မှုစနစ်ကို မြန်မာနိုင်ငံတွင် ဆက်လက် လွန်ကဲစွာကျင့်သုံးနေခြင်း၏ ပြရုပ်ဖြစ်ကြောင်း နိုင်ငံတကာမှလှုပ်ရှားဆောင်ရွက်သူများကို BHRN က အသိပေးလိုသည်။ အစိုးရ၏ နှိပ်ကွပ်ဖမ်းဆီးခံရသူတို့မှာ သူတို့၏လွတ်လပ်မှုအတွက် ယင်းအစိုးရ၏ "ခွင့်လွှတ်ခြင်း”အပေါ်၌သာ အလွန်အမင်းမှီခိုအားထားနေရသည့် အဆိုပါစနစ်ကို BHRN မှ ဆန့်ကျင်သည်။ 

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် လွတ်ငြိမ်းခွင့်ကို လူသားချင်းစာနာမှု၏ အရိပ် အယောင်အဖြစ်ပြနေသော်လည်း တကယ့်လူသားချင်းစာနာထောက်ထားမှုရှိစေရန်နှင့် တရားမျှတမှု ဖော်ဆောင်စေရန် ခွဲခြားဆက်ဆံမှုရှိသည့် ဥပဒေများကိုပယ်ဖျက်ရန်လိုအပ်တယ်။ ခုခံနိုင်စွမ်းမရှိသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို ချက်ချင်းဖမ်းဆီးထောင်ချမှုများဖြစ်စေတဲ့ လုပ်နည်း လုပ်ဟန် အလွဲများ၊ မမျှတမှုများကိုလည်း အရေးတယူ ကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်" ဟု BHRN ၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ပြောသည်။

အဆိုပါဥပဒေများတွင် မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ၊ တချို့သော ကိုလိုနီခေတ်လက်ကျန် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မများနှင့် အမျိုးဘာသာ စောင့်ရှောက်ရေးအမည်ခံ ဥပဒေများ ပါဝင်နေသည်။

ယခုနှစ်လွှတ်ပေးလိုက်သော အကျဉ်းသား ၉၀၀၀ကျော်တွင် မွတ်စလင်(သို့မဟုတ်)ရိုဟင်ဂျာ မည်မျှ ပါဝင်သည်ကိုမသိရပါ။ သို့သော်အဆိုပါအသိုင်းအဝိုင်းများသည် ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအား အစိုးရမှစနစ်တကျငြင်းပယ်မှုနှင့်အတူ ကာလရှည်ကြာကတည်းက စာရင်း၊အင်းမရှိ ကွက်၍ ဖမ်းဆီးခံ၊ စစ်ဆေးမေးမြန်းခံခဲ့ရသူများဖြစ်သည်။

BHRN သည် လန်ဒန်အခြေစိုက်လူအခွင့်ရေးအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတဝှန်းရှိ လူနည်းစုအရေး၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်ရေးများကို လှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ BHRN သည် လူ့အခွင့်ရေးဆိုင်ရာ၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာများအတွက် ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့်အတူ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

Media Enquiries

Please contact:

Kyaw Win, Executive Director
Burma Human Rights Network (BHRN)
E: [email protected]
T: +44(0) 740 345 2378


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ