မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ရွာသားများအတွက် ရေဒီယိုများ ဝေငှ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်၍ ရွာသားများကို ဝေငှရန် ရေဒီယိုများ ပေးအပ်ခဲ့သည်။ 

မတ်လ လကုန်ပိုင်းတွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆင့်ခေါ်၍ အိမ်ထောင်စုတစ်စုလျှင် ရေဒီယိုတစ်လုံးစီ ဝေငှရန် ရေဒီယိုများ ပေးအပ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ရေဒီယိုများ ဝေငှရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ မှာကြားချက်အတိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး အများစုက ငွေကောက်ခံခြင်း မပြုလုပ်ဘဲ အခမဲ့ ဝေငှခဲ့သော်လည်း ပန်းတောပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာနိုဝါရ်နှင့် မြို့မအနောက်ရပ်ကွက် (အမှတ် ၁ ရပ်ကွက်) တာဝန်ခံ ဦးဇူဘိုင်ရ်တို့က ငွေကောက်ခံခဲ့သည်။ 

ပန်းတောပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာနိုဝါရ် က အိမ်ထောင်စုတစ်စုလျှင် ရေဒီယိုတစ်လုံးကို  ငွေကျပ် ၅၀၀ စီ ကောက်ခံပြီး ဝေငှခဲ့သည်။ 

“ဧပြီလ (၇) ရက်နေ့က စပြီး အိမ်ထောင်စုတစ်စုကို ရေဒီယိုတစ်လုံးစီ ပေးတယ်။ အိမ်ထောင်စုစာရင်းနဲ့ အုပ်ချုပ်ရေးမှူး ရုံးမှာ သွားထုတ်ရတယ်။ တစ်အိမ်ထောင်ကို တစ်လုံးစီ အတွက် ငွေကျပ် ၅၀၀ စီ ပေးရတယ်” ဟု ပန်းတောပြင် ရွာသားတစ်ဦးက ပြောသည်။ 

မြို့မ အနောက်ရပ်ကွက် တာဝန်ခံ ဦးဇူဘိုင်ရ်က အိမ်ထောင်စုတစ်စုလျှင် ရေဒီယို တစ်လုံးစီ ပေးအပ်ခဲ့ပြီး ငွေကျပ် ၂၀၀ စီ ကောက်ခံခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ