ဘူးသီးတောင်မှ ယာဉ်ထိန်းရဲ ထွန်းထွန်းဦး က CNG မောင်းနှင်သည့် ရိုဟင်ဂျာများကို လုပ်ကြံ၍ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ယာဉ်ထိန်းရဲများက CNG မောင်းနှင်သည် ရိုဟင်ဂျာများကို လူမျိုးခွဲခြား ပစ်မှတ်ထားပြီး နည်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ်၊ မြို့မရဲစခန်းမှ ယာဉ်ထိန်းရဲ ဒုတပ်ကြပ်ထွန်းထွန်းဦး က CNG မောင်းနှင်သည့် ရိုဟင်ဂျာများမှ လစဉ်ကြေးဟုဆိုကာ CNG တစ်စီးလျှင် လစဉ် ငွေကျပ် တစ်သောင်းမှ နှစ်သောင်းထိ ကောက်ခံနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

လစဉ်ကြေးများကို ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းမှသာ ကောက်ခံပြီး၊ ဗုဒ္ဓဘာသာဝင်များထံမှ ကောက်ခံခြင်း မရှိပေ။ 

“ဗုဒ္ဓဘာသာဝင်တွေဆီက ငွေမကောက်ဘဲ၊ ကျွန်တော်တို့ ရိုဟင်ဂျာတွေဆီက သီးသန့်ကောက်ခံနေတာက ရိုဟင်ဂျာတွေကို လူမျိုးခွဲခြားပြီး အနိုင်ကျင့်နေခြင်းသာ ဖြစ်တယ်” ဟု CNG ယာဉ်မောင်းတစ်ဦးက ပြောသည်။ 

ယခုလ ဒုတိယအပတ်တွင် ယာဉ်ထိန်းရဲ ဒုတပ်ကြပ်ထွန်းထွန်းဦး က အသင့်ပါလာသည့် WY ဆေးပြားနှစ်ပြားကို ဘူးသီးတောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်မှ ဦးနုရ်ဖိုင်ဆဲလ် (ဘ) ဦးရှော်ဖိခ်အာမတ်၏ CNG ထဲသို့ ထည့်သွင်းပေးကာ ဦးနုရ်ဖိုင်ဆဲလ် ကို WY သုံးစွာနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေ သိန်းချီ ညှစ်ယူခဲ့သည်။ 

ယာဉ်ထိန်းရဲ ဒုတပ်ကြပ်ထွန်းထွန်းဦး သည် ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကိုသာ ပစ်မှတ်ထား သောင်းကျန်းနေသည်ကို ဘူးသီးတောင် မြို့မရဲစခန်းမှ စခန်းမှူးက သိသော်လည်း ဟန့်တားခြင်း လုံးဝမရှိပေ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ