ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၃၂ သန်းခွဲ ထောက်ပံ့မည်
ရှား Rohingya Today

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်နိုင်ငံက ဒေါ်လာ ၃၂.၅ သန်း ထောက်ပံ့ရန် ဆုံးဖြတ်လိုက်သည်။

ဂျပန်အစိုးရက ဖေဖော်ဝါရီလ (၇) ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ကြေညာသည်။ 

ဂျပန်နိုင်ငံမှ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၃၂.၅ သန်းကို နိုင်ငံတကာ အေဂျင်စီများဖြစ်သည့် UNHCR, UNFPA, IOM, UNICEF, FAO, UN Women, WFP, WHO, ICRC, FPE နှင့် MSF တို့မှတဆင့် ဒုက္ခသည်များအတွက် တဲအိမ်များ၊ အစားအသောက်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် သင်တန်းများ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ရိုဟင်ဂျာ ၇ သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရပြီ၊ ဂျပန်နိုင်ငံက ၎င်းတို့အတွက် အမေရိကန်ဒေါ်လာ ၈၂.၇ သန်း ထောက်ပံ့ကူညီခဲ့သည်ဟု ဂျပန်သံရုံးမှ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ