ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးနှစ်ဦးက ပြိုင်းတောင်ရွာသား (၃) ဦးထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးနှစ်ဦးက ရိုဟင်ဂျာ (၃) ဦးထံမှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စု၊ ဖရုံချောင်း ရိုဟင်ဂျာရွာမှ အာဏာပိုင်များ၏ သတင်းပေး မာမတ်ဆာလေ (ဘ) ဦးဆုလ်တာန် သည် ပြိုင်းတောင်ရွာသားများက နေအိမ်ဟောင်းများ ပြုပြင်ခဲ့သည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးနှစ်ဦးကို သတင်းပို့ခဲ့သည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးနှစ်ဦးသည် မာမတ်ဆာလေ သတင်းပို့ထားသည်တွင် ပါဝင်သည့် ရွာသား (၃) ဦးကို ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက်ကာ တစ်ဦးချင်းစီထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးအာဘူတော်ယုဖ် (ဘ) ဦးအာဘူလ်ဟိုက်ရ်
(၂) ဦးရှော်ဖီအုလ္လာ (ဘ) ဦးဒိလ်မာမတ်
(၃) ဦးမာမတ်ဆုလ်တာန် -- တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ