ဘူးသီးတောင် သိမ်တောင်ပြင်တွင် လူငယ်တစ်ဦးကို သေလုမြောပါးဖြစ်သည်အထိ ဝိုင်းရိုက်နှက်ခဲ့သူ ၅ ဦးကို အရေးမယူဘဲ ငွေညှစ်ဖြေရှင်းပေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးကို သေလုမြောပါး ဖြစ်သည်အထိ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ (၅) ဦးကို တရားဥပဒေနှင့်အညီ တရားရုံး၌ ပြစ်ဒဏ်ပေးရန် တရားစွဲဆိုခြင်း မပြုလုပ်ဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းက ၎င်းတို့နှင့် ရင်းနှီးသူ (၃) ဦးနှင့် ပူးပေါင်း၍ ငွေညှစ်ပြီး ဖြေရှင်းပေးခဲ့သည်။

သိန်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင် မော်လဝီရွာမှ မိုဟမ္မဒ်တယုဗ် (ဘ) ဦး‌ဆယိဒ် (အသက်‌ ၁၇-နှစ်‌) နှင်‌့ ဦးဘိုက်လာ (ဘ) ဦးဘော်‌ဆိရ်‌အဟ်မဒ် (အသက်‌ ၄၀-နှစ်‌) တို့အကြား ယခင်က တစ်‌ဦးနှင်‌့တစ်‌ဦး စကားများခဲ့သည်ကို ဦးဘိုက်လာက အငြိုးထားကာ စက်တင်ဘာလ (၃၀) ရက်နေ့ ည‌ ရး၀၀ ခန်‌့အချိန်‌တွင်‌ ဦးဘိုက်‌လာနှင့် ၎င်း၏ အစ်ကို ဦးဟူးစိန်းအာမတ် (ဘ) ဦးဘော်ဆိရ်အမဒ် (အသက် ၅၀ နှစ်)၊ ဦးဘိုက်လာ၏ သားဖြစ်သူ အဗ်ဒူလ္လာ (အသက်‌ ၂၂ နှစ်‌)၊ ဦးဘိုက်လာ၏ သားမက်ဖြစ်သူ မုက်တာရ် (ဘ) ဦးဂါလူဘန်‌ဂူ (အသက်‌ ၂၆ နှစ်‌) နှင့် အခြား ဆွေမျိုးတစ်ဦး ဖြစ်သည့် ဘာဂုများ (ခ) ဘာဂျား (ဘ) ဦးအဟ်မဒ်ဟူးစိန်း (အသက် ၂၅ နှစ်) တို့က မိတ်ဆွေနှင့်တွေ့ရန် သွားနေသည့် မိုဟမ္မဒ်တယုဗ် ကို ၎င်းတို့၏ အိမ်နှင့် ကပ်လျက်ရှိသည့် လမ်းမမှ အိမ်ထဲသို့ ဆွဲသွင်းပြီး ကြိုးတုတ်၊ ပါးစပ်ပိတ်ကာ ၅- ဦးစလုံးက လက်ကိုင်တုတ် ကိုယ်စီဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် သေလုမြောပါး ဖြစ်သွားခဲ့ပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံတွင် ၃ ရက်တိတိ ဆေးကုသမှုခံယူခဲ့ရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးရန် ဦးဘိုက်လာပါ ၅ ဦးတို့ကို ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ အောက်တိုဘာလ (၄) ရက်နေ့တွင်ဆင့်ခေါ်ခဲ့ရာ နယ်ခြားစောင့်ရဲများနှင့် ရင်းနှီးကြသည့် ကျေးရွာတာဝန်‌ခံ‌ ‌‌ရရှီးဒ် (ဘ) ဦးဟဆောင်‌း (အသက် ၃၆ နှစ်)၊ ရရှီးဒ်အဟ်မဒ် (ဘ) ဦးမက်တုလ်ဟုဆိန်း (အသက် ၄၀ နှစ်) နှင်‌့လာလ်‌များ (ဘ) ဦးအဒူလီ (အသက်‌ ၅၅ ‌နှစ်) တို့ ၃ ဦးက ပူ‌းပေါင်‌း၍ ဦးဘိုက်လာပါ ၅ ဦးထံမှ ငွေကျပ် ၁၀-သိန်းကျော် လာဘ်စား၍ ဦးဘိုက်လာတို့ဘက်ကို ဘက်လိုက် သက်သေပြောဆိုခဲ့သောကြောင့် နယ်မြေရုံးက မိုဟမ္မဒ်တယုဗ် ကိုပေးရန် ဆေးကုသမှုစရိတ် ၃-သိန်း နှင့် ရုံးစရိတ် ၂-သိန်း စုစုပေါင်း ၅-သိန်း ပေးဆောင်ရန် သတ်မှတ်ပေးပြီး ဆုံးဖြတ်ဖြေရှင်းပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ရရှီးဒ် နှင့် ရင်းနှီးသည့် ရွာသားတစ်ဦးက ''ဟုတ်ပါတယ်၊ သူတို့ဘက်က ၁၅ သိန်းကျော်ကျော် ယူပါတယ်၊ နယ်မြေစခန်းက သတ်မှတ်ပေးတဲ့အတိုင်း မိုဟမ္မဒ်တယုဗ် ကို ဆေးကုသမှုစရိတ် အဖြစ် ၃ သိန်း နဲ့ နယ်မြေစခန်းကို ရုံးစရိတ်အဖြစ် ၂-သိန်း ပေးပြီး ကျန် ၁၀ သိန်းကို ဘက်လိုက်ပြောဆိုညှိနှိုင်း ဖြေရှင်းပေးခ အဖြစ် သူတို့က တစ်ယောက် ၅-သိန်းစီ ခွဲဝေ ယူခဲ့တာပါ'' ဟု ပြောသည်။

"မိုဟမ္မဒ်တယုဗ်ကတော့ ဆေးရုံမှာ ၃ ရက်တိတိ နေခဲ့ရပြီး ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုခဲ့ရတယ်၊ ငွေလည်း လေးငါးသိန်း ကုန်သွားတယ်၊ ဟိုလူတွေက လာဘ်စားတယ်ဆိုတော့ သူတို့ဘက်ကိုဆွဲပြောမှာဘဲလေ၊ နယ်မြေရုံးမှာလည်း ငွေညှစ်ဖြေရှင်းပေးမယ့်အစား ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပြီး အခုလို နောက်နောင် မလုပ်ရလေအောင် ပေးသင့်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် ဆောက်ရွက်ပေးဖို့ တာဝန်ရှိတာပေါ့၊ တာဝန်အတိုင်း မလုပ်ဘဲ လက်ကိုင်တုတ်တွေ သုံးပြီး ငွေယူပြီး ဖြေရှင်းပေးလိုက်တယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ