ဘူးသီးတောင် နန်းရာကုန်းမှ ရိုဟင်ဂျာများ၏ လယ်ယာမြေ ဧက ၅၀ ကျော်ကို အတင်းအဓမ္မ သိမ်းဆည်း၍ ကားလမ်းဖောက်နေ
ကျော်စိုး Rohingya Today
ရိုဟင်ဂျာများ၏ လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းဆည်း၍ ကားလမ်းဖောက်နေသည့် မြင်ကွင်း

 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းဆည်း၍ ကားလမ်းဖောက်နေသည်။ 

ဘူးသီးတောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် အဖွဲ့သည် ဇန်နဝါရီလ ဒုတိယပတ်တွင် နန်းရာကုန်းကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ကူးတို့ဆိပ်ကျေးရွာအရှေ့ဘက်ရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများပေါ်တွင် ကားလမ်းဖောက်ရန်အတွက်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အလံများနှင့် ဆိုင်းဘုတ်စိုက်ထူခဲ့သည်။

ကားလမ်းဖောက်မည့် လမ်းမှာ နန်းရာကုန်းကျေးရွာမှ ကူတို့ဆိပ် (မြောင်းနားရွာ) ရှိ စေတီအထိ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ စေတီသို့ လွယ်ကူစွာ သွားရောက်နိုင်ရန် ရိုဟင်ဂျာများ၏ လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းဆည်း၍ လမ်းဖောက်နေခြင်း ဖြစ်သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ယခုအခါ လယ်ယာမြေများပေါ်တွင် bulldozer များသုံး၍ မြေညှိပြီး လမ်းဖောက်လုပ်လျက်ရှိသည်။ လယ်ယာမြေ ပိုင်ရှင်များကို အကြောင်းကြားခြင်း မပြုလုပ်ဘဲ၊ bulldozer များသုံး၍ မြေညှိနေခြင်းနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးကို ပိုင်ရှင်များက မေးမြန်းရာ ဤမြေများသည် ဘင်္ဂလီပိုင်မြေမဟုတ်ကြောင်း၊ အစိုးရပိုင်မြေများသာ ဖြစ်သည်ဟု ရင့်သီး ရိုင်းစိုင်းစွာ ဖြေဆိုခဲ့သည်။

လယ်ယာမြေ ဧက ၅၀ ကျော် အတင်းအဓမ္မ သိမ်းဆည်းခံရပြီး၊ သိမ်းဆည်းခံရသူအချို့မှာ --

(၁) ဦးဇီယာအုဒ္ဒိန်း (ဘ) မော်လဝီဆော်အီးဒ် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၂ ဧက)
(၂) ဦးအေရှားဒုလ္လာ (ဘ) ဦးအီဗရာဟီးမ် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၁.၂ ဧက)
(၃) ဦးမာမတ်အီနုစ် (ဘ) ဦးဆီးရာဇ် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၁.၆ ဧက)
(၄) ဦးအီနုစ် (ဘ) ဦးဆုလ်တာန် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၁.၂ ဧက)
(၅) ဦးရော်ဖိခ် (ဘ) ဦးဇာဖော်ရ် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၂ ဧက)
(၆) ဦးဆောဒူရောင် (ဘ) ဦးမာမတ် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၁.၆ ဧက)
(၇) ဦးအဒူလော်တီ (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၂ ဧက)
(၈) ဦးအာဘာလ်ဟာယဘဲစ် (ဘ) ဦးဖောယောဇူအာလောမ် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၂ ဧက)
(၉) ဦးဟာဆောင်းန် (ဘ) ဦးမောင်ဆုရ်အလီ (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၁.၂၀ ဧက)
(၁၀) ဦးဖေရာန့် (ဘ) ဦးမောင်ဆုရ်အလီ (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၁ ဧက)
(၁၁) ဦးမာမတ်တော်ယုဖ် (ဘ) ဦးဆောယာဒ်ဟူစိန်း (သိမ်းဆည်းခံရသည့် လယ်ယာမြေ ဝ.၄ ဧက)
(၁၂) မော်လဝီအာနီစ် (သိမ်းဆည်းခံရသည့် လယ်ယာမြေ ၁.၂ ဧက) -- တို့ဖြစ်ကြသည်။ 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့ကလည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ ဦးမောင်ကာလူ၊ ဦးဇော်ဝင်း တို့ပါဝင်သည့် (၆) ဦးအဖွဲ့တစ်ဖွဲ့သည် နန်းရာကုန်းကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာရှိ အစိုးရ မူလတန်းကျောင်း၏ အရှေ့ဘက် ပေ ၆၀ ခန့်အကွာတွင် ရှိသည့် ရိုဟင်ဂျာများပိုင်ဆိုင်သော လယ်ယာမြေ ၂.၅ ဧက ကို အတင်းအဓမ္မ သိမ်းဆည်း၍ ဓမ္မာရုံ ဆောက်လုပ်ခဲ့သည်။ 

လယ်ယာမြေ အတင်းအဓမ္မ သိမ်းဆည်းခံခဲ့ရသူများမှာ (၁) ဒေါ်ဂုလ်ဇာရ် (ဘ) ဦးအူလာမျာ၊ (၂) ဒေါ်ဇူလေဟား (ဘ) ဦးအီမာန်ဟူစိန်း၊ (၃) ဦးအဒူရော်မာန် (ဘ) ဦးအာဘူလ်ဟာရှိမ်းနှင့် (၄) ဦးအူမောရ်ဖာရုခ် (ဘ) ဦးအဒူကော်ယူမ် တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ