ဘ၀ ပြန်လည်ထူထောင်နေတဲ့ ချီကာဂိုမြို့ရောက် ရိုဟင်ဂျာဒုက္ခသည်များ
Al Jazeera Rohingya Today
ရိုဟင်ဂျာမိခင်များနဲ့ ကလေးတွေ "မာမီနဲ့ ကျွန်တော်" ဆိုတဲ့ အတန်းကို တက်နေကြတာပါ။ ကလေးတွေ ကစားတာ၊ မိခင်တွေနဲ့ ကလေးတွေ ရင်းနှီးမှုရဖို့၊ ကလေးတွေ ကျောင်းသွားဖို့ ဘယ်လိုပြင်ဆင်မယ်ဆိုတာ ဒီအတန်းမှာ သင်ပေးပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)

အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးလျက်ရှိပြီး ချီကာဂိုမြို့မှာ အများဆုံးဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်များနဲ့ ၂၀၀၀ ခုနှစ်များမှာ မြန်မာနိုင်ငံတွင်းက ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အကြမ်းဖက်မှုတွေမှ ရှောင်ပြေးပြီး မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီးတဲ့နောက် ချီကာဂိုမြို့မှာ ရိုဟင်ဂျာ ၁၆၀၀ ကျော် အခြေချနေထိုင်လျက်ရှိပါတယ်။ 

ရိုဟင်ဂျာတွေက များသောအားဖြင့် မွတ်စလင်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေကို ခံလာနေရတဲ့ လူနည်းစုတစ်စု ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ရောက်ရှိလာသူတွေလို့ ထင်မြင်ယူဆတယ်။

"ရိုဟင်ဂျာ ယဉ်ကျေးမှုဆိုင်ရာစင်တာ" ကို ၂၀၁၃ ခုနှစ်က အမေရိကားမှာ ပြန်လည်နေရာချထားခွင့်ရခဲ့တဲ့ ဦးနာဆဲရ်ဇကရီယာ က ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

အဲဒီစင်တာမှာ အင်္ဂလိပ်စာနဲ့ ကျမ်းမြတ်ကုရ်အာန် ပို့ချတဲ့ အတန်းတွေ ဖွင့်ပေးထားတယ်။ ပြီးတော့ ကွန်ပျူတာသင်တန်း၊ ဘာသာပြန်ဝန်ဆောင်မှုနဲ့ ပြန်လည်နေရာချထားခွင့်ရဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး အထောက်အကူပြုတာတွေ လုပ်ပေးပါတယ်။

လူငယ်တွေအတွက် ဘောလုံးအသင်းလည်း လုပ်ပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ရိုဟင်ဂျာပြဿနာဟာ လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ 

သမ္မတ ဒေါ်နယ်လ်ထရမ့်က ၂၀၁၉ ခုနှစ်မှာ ဒုက္ခသည် ၃ သောင်းကိုသာ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်နေရာချထားပေးနိုင်မယ်ဆိုပြီး ကန့်သတ်ခဲ့ပါတယ်။ ဒါကတော့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ရေးဆွဲတဲ့ ၁၉၈၀ ခုနှစ်ကစပြီး အနိမ့်ဆုံး ဦးရေလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာမိခင်များက သူတို့ရဲ့ ကလေးတွေနဲ့အတူ "မာမီနဲ့ ကျွန်တော်" ဆိုတဲ့ အတန်းကို ချီကာဂိုမြို့က ရိုဟင်ဂျာယဉ်ကျေးမှုဆိုင်ရာစင်တာမှာ တက်နေတာပါ။ ကလေးတွေ ဘယ်လိုကစားမယ်၊ မိခင်တွေက ကလေးတွေနဲ့ ဘယ်လိုရင်းနှီးမှု ရအောင်ယူမယ်၊ ပြီးတော့ ကလေးတွေ ကျောင်းသွားဖို့ ဘယ်လိုပြင်ဆင်မယ်ဆိုတာ ဒီအတန်းမှာ သင်ပေးပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ရိုဟင်ဂျာမိခင်များ “မာမီနဲ့ ကျွန်တော်” အတန်းကို ယဉ်ကျေးမှုဆိုင်ရာစင်တာမှာ တက်ပြီး ပြန်နေကြတာဖြစ်ပါတယ်။ (ဓါတ်ပုံ -  ALLISON JOYCE/GETTY IMAGES)
ရိုဟင်ဂျာဒုက္ခသည် ဇူလ္လာဟ် အင်္ဂလိပ်စာအတန်း တက်နေတာပါ။ သူမက ၂၀၁၄ ခုနှစ်မှာ ချီကာဂိုမြို့မှာ ပြန်လည်နေရာချထားခံရသူ ဖြစ်တယ်။ [မြန်မာ] စစ်သားတွေက သူမရဲ့ခင်ပွန်းဖြစ်သူကို သတ်ဖြတ်လိုက်တဲ့နောက်မှာ စက်လှေနဲ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာခဲ့တယ်။ အဲဒီကနေ အစားရေစာ ပြတ်လပ်တဲ့အနေအထားနဲ့ တောတောင်တွေကိုဖြတ်ပြီး မလေးရှားနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ သူမမှာ သမီးနှစ်ယောက်ရှိပါတယ်။ သူတို့ဟာ အခုထိ မြန်မာနိုင်ငံမှာ ရှိနေကြပြီး သူတို့ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ အကြမ်းဖက်မှုတွေကို သူမကို မကြာခဏဆိုသလို ပြောပြကြပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)

ကလေးတွေက စာသင်ချိန်မှာ သူတို့ရဲ့ အိမ်စာတွေကို လုပ်နေကြတာပါ။ အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ ပြန်လည်နေရာချထားပေးတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၆၀၀ ကျော်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာအများဆုံးရှိနေတဲ့ မြို့ဖြစ်ပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)

အသက် ၂၃ နှစ်အရွယ် စကီနာက အင်္ဂလိပ်စာ အတန်းပြီးတော့ သန့်ရှင်းရေးလုပ်နေပါတယ်။ သူမရဲ့ ကလေးတွေဖြစ်တဲ့ ၄ နှစ်သား ရှဖီရုခ်ခန်းနဲ့ ၁ နှစ်အရွယ်သမီး နူရ်ရှရီဖား တို့ကတော့ ကစားနေကြတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)

ရိုဟင်ဂျာဒုက္ခသည်များဖြစ်ကြတဲ့ အိုက်ရှားနဲ့ နာဇ်နီးန် တို့က သူတို့မိခင်ရဲ့ စားသောက်ဆိုင်ဖြစ်တဲ့ ချီကာဂို က Tea Leaf Garden မှာ အလုပ်လုပ်နေကြပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရိုဟင်ဂျာဒုက္ခသည် နဆီမာနဲ့ သူမရဲ့ သူငယ်ချင်းက ဒီစားသောက်ဆိုင်ကို ဖွင့်ခဲ့တာဖြစ်ပါတယ်။ Halal ဖြစ်တဲ့ ရိုဟင်ဂျာ၊ မလေးရှားနဲ့ မြန်မာ့ အစားအစာတွေကို ရောင်းပါတယ်။ နဆီမာဟာ မလေးရှားနိုင်ငံကို ၁၉၇၇ ခုနှစ်က ထွက်ပြေးလာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ချီကာဂိုမှာ သူ့မိသားစုနဲ့အတူ ပြန်လည်နေရာချထားခံရတာပါ။ သူမရဲ့ သားဖြစ်သူ မိုဟာမတ်က “အမေရိကားမှာ အရာရာ ကောင်းပါတယ်။ ကျွန်တော်တို့ ကျောင်းသွားလို့ရတယ်” လို့ပြောပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ရိုဟင်ဂျာဒုက္ခသည်များဖြစ်ကြတဲ့ အိုက်ရှားနဲ့ နာဇ်နီးန် တို့က သူတို့မိခင်ရဲ့ စားသောက်ဆိုင်ဖြစ်တဲ့ ချီကာဂို က Tea Leaf Garden မှာ အလုပ်လုပ်နေကြပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရိုဟင်ဂျာဒုက္ခသည် နဆီမာနဲ့ သူမရဲ့ သူငယ်ချင်းက ဒီစားသောက်ဆိုင်ကို ဖွင့်ခဲ့တာဖြစ်ပါတယ်။ မြန်မာ၊ မလေးရှားနဲ့ ရိုဟင်ဂျာစတဲ့ Halal အစားအစာတွေကို ရောင်းပါတယ်။ နဆီမာဟာ မလေးရှားနိုင်ငံကို ၁၉၇၇ ခုနှစ်က ထွက်ပြေးလာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ချီကာဂိုမှာ သူ့မိသားစုနဲ့အတူ ပြန်လည်နေရာချထားခံရတာပါ။ သူမရဲ့ သားဖြစ်သူ မိုဟာမတ်က “အမေရိကားမှာ အရာရာ ကောင်းပါတယ်။ ကျွန်တော်တို့ ကျောင်းသွားလို့ရတယ်” လို့ပြောပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ရိုဟင်ဂျာဒုက္ခသည် အိုက်ရှားက မိခင်ရဲ့ စားသောက်ဆိုင် Tea Leaf Garden ငွေရှင်းကောင်တာမှာ အလုပ်လုပ်နေတာပါ။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ရိုဟင်ဂျာဒုက္ခသည် အိုက်ရှားက မိခင်ရဲ့ စားသောက်ဆိုင် Tea Leaf Garden ငွေရှင်းကောင်တာမှာ အလုပ်လုပ်နေတာပါ။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ချီကာဂို က ရိုဟင်ဂျာယဉ်ကျေးမှုဆိုင်ရာ စင်တာမှာ ကလေးတွေ ဝတ်ပြုနေကြတာပါ။ ချီကာဂိုက ရိုဟင်ဂျာဒုက္ခသည် အများစုဟာ ၁၉၉၀ ခုနှစ်များနဲ့ ၂၀၀၀ ခုနှစ်များမှာ မြန်မာနိုင်ငံတွင်းက ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အကြမ်းဖက်မှုတွေမှ ရှောင်ပြေးပြီး မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီးတဲ့နောက် အမေရိကန်မှာ ပြန်လည်နေရာချထားခံရသူတွေ ဖြစ်ပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)

ကလေးတွေက သူတို့ အိမ်စာလုပ်ရတဲ့အချိန်မှာ အမေရိကန်ရဲ့ မူလဘူတ တိုင်းရင်းသားတွေ နေခဲ့တဲ့ အခန်း ပုံစံငယ်ကို လုပ်နေကြတာဖြစ်ပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ကလေးတွေက သူတို့ အိမ်စာလုပ်ရတဲ့အချိန်မှာ အမေရိကန်ရဲ့ မူလဘူတ တိုင်းရင်းသားတွေ နေခဲ့တဲ့ အခန်း ပုံစံငယ်ကို လုပ်နေကြတာဖြစ်ပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ရိုဟင်ဂျာ ဘောလုံးသမားတွေ ချီကာဂိုမှာ ဘောလုံးကစားဖို့ သွားနေကြတာပါ။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ရိုဟင်ဂျာ ဘောလုံးသမားတွေ ချီကာဂိုမှာ ဘောလုံးကစားဖို့ သွားနေကြတာပါ။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
အသက် ၂၅ နှစ်အရွယ် မိုင်မူနာရှုကူရ်က သူမရဲ့ မောင်နှမတွေ မီးဖိုချောင်မှာ စကားပြောနေတဲ့အချိန် သူ့ရဲ့ ၃ နှစ်အရွယ် သမီး နူရ်ဖာဇာနာ ကို ချီထားတာပါ။ ရှုကူရ်တို့ မိသားစုက ၂၀၁၄ ခုနှစ်မှာ မလေးရှားကနေ ချီကာဂိုကို ရောက်လာခဲ့ကြတယ်။ ဦးမိုဟာမတ်ရှုကူရ်က ၁၉၇၈ ခုနှစ်မှာ စစ်သားတွေရဲ့ သေနတ်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတာဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ကတော့ ဖမ်းဆီးခံရပြီး [မြန်မာနိုင်ငံက] အကျဉ်းထောင်ထဲမှာပဲ ဆုံးပါးသွားခဲ့တယ်။ သူကတော့ ထိုင်းနိုင်ငံကို စက်လှေနဲ့ ရောက်ရှိခဲ့ပြီး၊ မိသားစုနဲ့အတူ မလေးရှားနိုင်ငံကို မရောက်ခင် ထိုင်းနိုင်ငံမှာ ငါးနှစ်ကြာနေခဲ့ရပါတယ်။ မလေးရှားမှာ သူနဲ့ သူ့မိသားစုက ပညာသင်ခွင့်မရခဲ့ဘူး။ တရားမဝင် အလုပ်လုပ်ခဲ့ရတယ်။ မကြာခဏ ဖမ်းဆီးခံရပြီး၊ အာဏာပိုင်တွေ ဒုက္ခပေးတာတွေ ခံခဲ့ရပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)

ဦးမိုဟာမတ်ရှုကူရ်နဲ့ သူ့ရဲ့ ဇနီး ဒေါ်နူရ်ဂျဟာန်တို့ ချီကာဂိုမြို့က သူတို့ရဲ့ အိမ်မှာ ဓါတ်ပုံရိုက်ခံဖို့ ထိုင်နေကြတာ ဖြစ်ပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)
ဦးမိုဟာမတ်ရှုကူရ်နဲ့ သူ့ရဲ့ ဇနီး ဒေါ်နူရ်ဂျဟာန်တို့ ချီကာဂိုမြို့က သူတို့ရဲ့ အိမ်မှာ ဓါတ်ပုံရိုက်ခံဖို့ ထိုင်နေကြတာ ဖြစ်ပါတယ်။ (ဓါတ်ပုံ - ALLISON JOYCE/GETTY IMAGES)

Al Jazeera တွင် ရေးသားဖော်ပြထားသည့် Rohingya refugees rebuilding their lives in Chicago ကို ရှားက ဆီလျော်အောင် ဘာသာပြန်သည်။

Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ