ကုလသမဂ္ဂ အမျိုးသမီးများ စင်ကာပူကော်မီတီက ရိုဟင်ဂျာဒုက္ခသည်အရေးကို ထိုးထွင်းသိမြင်နိုင်ရန် မှတ်တမ်းရုပ်ရှင်တစ်ခု လွှင့်ထုတ်
ရှား Rohingya Today

ကုလသမဂ္ဂအမျိုးသမီးများ စင်ကာပူကော်မီတီ က အများပြည်သူကို ပညာပေးရန်နှင့် အာရှပစိဖိတ်တွင် နေထိုင်သည့် သိန်းပေါင်းများစွာကို အကျိုးသက်ရောက်မှုရှိနေသည့် ကပ်ဆိုက်မှုကို စိတ်ပါဝင်စားမှုရှိစေရန် ရည်ရွယ်၍ မှတ်တမ်းရုပ်ရှင်တစ်ခုကို လွှင့်ထုတ်လိုက်သည်။

မှတ်တမ်းရုပ်ရှင်ကို Click2View က ဖန်တီးခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ရာ (၇) သိန်းခန့် ဒုက္ခသည်များ၏ အကျပ်အတည်းကို နိုးကြားစေရန်အတွက် ရည်မှန်းသည်။ 

အမျိုးသမီးနှစ်ဦးဖြစ်သည့် ဟာဆီနာနှင့် ဟာဇာရာ တို့ကို အဓိကထား၍ ရိုက်ကူးထားပြီး၊ ၎င်းတို့၏ ဒုက္ခသည်စခန်းနှင့် တဲများတွင် နေရသည့် အခြေအနေများကို ဖော်ပြထားသည်။ ယခုဗီဒီယိုတွင် ၎င်းတို့အား ဘေးဒုက္ခခံရသူများ အဖြစ် ဖော်ပြမည့်အစား ၎င်းတို့နှင့် ဒုက္ခသည်စခန်းများရှိ အခြားသူများသည် လုပ်ပိုင်ခွင့်များရရှိလာရန်အတွက် ဘေးအန္တရာယ်များကို မည်ကဲ့သို့ ကျော်ဖြတ်လာသည်ကို မျှဝေခံစားနိုင်ရန် ရည်ရွယ်သည်။ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများစွာတို့သည် အသုံးပြုရန် အိမ်သာနည်းပါးခြင်း၊ အခြားသော အခြေခံလိုအပ်ချက်များ ရရှိရန် နည်းပါးခြင်းတို့ ကြုံတွေ့လျက်ရှိသည်ကိုလည်း ဖြည့်စွက်ထားသည်။

အသက် ၂၅ နှစ်အရွယ် ကလေး (၃) ဦး၏ မိခင် ဟာဇာရာသည် ၎င်း၏ နေအိမ်အား စစ်သားများက မီးရှို့ဖျက်ဆီးပြီးနောက် ထွက်ပြေးလာခဲ့သည်။ ၁၀ ရက်ကြာသည့် ဘင်္ဂလားဒေ့ရှ်သို့ လမ်းခရီးတွင် စစ်သားများက ၎င်း၏ ခင်ပွန်းဖြစ်သူကို ရိုက်နှက်ခဲ့သည်။ ၎င်း၏ မိသားစုဝင်များ (၇) ရက်ကြာ အစားအသောက် လုံး၀ မစားသောက်ရဘဲ နေခဲ့ရသည်။ 

UN Women နှင့် ActionAid မှ ဖွင့်လှစ်ထားသည့် Multi-Purpose Women's Centre တွင် စက်ချုပ်သင်တန်း တက်ရောက်ပြီးသည့် ဟာဇာရာသည် သူမ တတ်မြောက်လာသည့် စက်ချုပ်ပညာဖြင့် ဝင်ငွေရရန် မျှော်လင့်လျက်ရှိသည်။ 

“ကော့ဇ်ဘဇားမှာရှိတဲ့ ဒုက္ခသည် တစ်ဝက်ကျော်က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေပါ၊ သူတို့က ကမ့်တွေထဲမှာ အကြမ်းဖက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်” ဟု ကုလသမဂ္ဂအမျိုးသမီးများ စင်ကာပူကော်မီတီ၏ ဥက္ကဌ ဖြစ်သူ Georgette Tan က အရေးတယူဆောင်ရွက်ရန်နှင့် ကူညီပေးရန် အလွန်အရေးကြီးကြောင်း ကြောင့်ကြစိတ်ဖြင့် ပြောပါသည်။ “သူတို့အတွက် လုံခြုံမယ့်နေရာတွေ တည်ဆောက်ပေးလိုက်ရင် သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုသလို့လည်းရမယ်၊ ပြီးတော့ သူတို့ရဲ့ ဘဝတွေကိုလည်း ပြန်ပြီး တည်ဆောက်နိုင်မယ်”

ကုလသမဂ္ဂအမျိုးသမီးများ စင်ကာပူကော်မီတီ၏ ပွဲဦးထုတ်ဗီဒီယိုကို SNOW Gala ဟု ခေါ်သည့် “အမျိုးသမီးများအား မဖိနှိပ်ရေးဟု ပြော” မှ ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများကို ကူညီရန်အတွက် အလှူငွေကောက်ခံရန် ဖြစ်သည်။ ဤမှတ်တမ်းရုပ်ရှင်ကို လွှင့်ထုတ်ပြီး အထူးအလှူငွေ ပေးအပ်ရန် တောင်းခံခဲ့ရာ ယမန်နှစ်ကထက် ၁၂၀% ပိုမိုရရှိခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ