ဘူးသီးတောင် သပိတ်တောင် အုပ်ချုပ်ရေးမှူးက တဖက်နိုင်ငံတွင် ခိုလှုံနေသူများ၏ နေအိမ်များတွင် ယာယီနေထိုင်သူများထံမှ ငွေညှစ်
သိမ်းဝေ Rohingya Today
ဘူးသီးတောင်မြို့

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သပိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက တဖက်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေသူများ၏ နေအိမ်များတွင် ယာယီနေထိုင်နေသည့် ဆွေမျိုးများထံမှ ငွေညှစ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သာ (အသက် ၄၇ နှစ်) နှင့် ၎င်း၏ တပည့်ဖြစ်သူ နူးရ်မိုဟမ္မဒ် (ဘ) ဦးမက်တုလ်အဟ်မဒ် တို့ပူးပေါင်း၍ တောင်ရွာမှ တဖက်နိုင်ငံသို့ သွားရောက် ခိုလှုံနေသူများ၏ နေအိမ်များတွင် ပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် အိမ်ခေါင်မိုး ပြုပြင်မွမ်းမံပြီး နေထိုင်လျက်ရှိသည့် ပိုင်ရှင်များနှင့် ဆွေမျိုးတော်စပ်သူများထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ငွေကျပ် ငါးသောင်းစီ ညှစ်ခံရသူများမှာ --

(၁) ဆလိမ်း (ဘ) ဦးရရှီးဒ်အဟ်မဒ် (အသက် ၂၆ နှစ်)

(၂) ဆိုက်ဖုလ်အစ္စလာမ် (ဘ) ဦးမိုဟမ္မဒ်စလာမ် (အသက် ၂၃ နှစ်)

(၃) ဆနားအူလ္လာ (ဘ) ဦးနူရ်ဟာကိမ်း (အသက် ၂၅ နှစ်)

(၄) အာတာအူလ္လာ (ဘ) ဦးနူးရ်အာလောမ် (အသက် ၂၈ နှစ်)

(၅) ရဖီးခ် (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၂၃ နှစ်)

(၆) အာန်ဝါရ် (ဘ) ဦးဟူစိန်းအဟ်မဒ် (အသက် ၃၀ နှစ်)

(၇) အဗ်ဒူလ္လာဟ် (ဘ) ဦးဟိုက်ရုလ်ဘရှားရ် (အသက် ၂၄ နှစ်)

(၈) အာမာန်အူလ္လာ (ဘ) ဦးမုခ်တာရ်အဟ်မဒ် (အသက် ၂၃ နှစ်)

(၉) ဆနားအူလ္လာ (ဘ) ဦးနူရူလ်ဟောက် (အသက် ၂၉ နှစ်) 

(၁၀) အီမာမ်ဟူစိန်း (ဘ) ဦးမူဇာဖ္ဖောရ် (အသက် ၂၇ နှစ်) -- တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ