မောင်တော မြောက်ပိုင်း သရက်အုပ်ကျေးရွာမှ ကျောက်လှေကားသို့ အသွားတွင် NVC မရှိလျှင် ပေးမသွားကြောင့် ဒေသခံများက အခက်အခဲပေါင်းစုံ ကြုံတွေ့နေ
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ သရက်အုပ်ကျေးရွာမှ ကျောက်လှေကားဈေးသို့ သွားရာလမ်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကင်းစခန်းချ၍ NVC မရှိသူများကို ဖြတ်သန်းသွားလာခွင့် မပေးသဖြင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာနှင့် သရက်အုပ်ကျေးရွာတို့အကြား ကူတို့ချောင်းတစ်ခုရှိပြီး၊ သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာများသည် ယင်းကူတို့ချောင်းကို လှေဖြင့် ကူးဖြတ်၍ ကျောက်လှေကားဈေးသို့ သွားရောက်၍ စားသုံးကုန်များဝယ်ယူကြရသည့်အပြင် သားငါးများကို ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေရသူများ ဖြစ်ကြသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့မှစတင်၍ နယ်မြေ (၆) ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးမှ မင်္ဂလာကြီးကျေးရွာအနီးရှိ အဆိုပါ ချောင်းအနီးတွင် ကင်းစခန်းချခဲ့သည်။ အဆိုပါကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကူတို့ချောင်းကို ဖြတ်သန်း၍ ရောက်ရှိလာသူများထံမှ NVC ကဒ်များ တောင်းခံခြင်း၊ ရွာထွက်လက်မှတ်များ တောင်းခံခြင်း တို့ကြောင့် လွယ်လင့်တကူ ဖြတ်သန်းသွားလာခွင့်မရသလို၊ NVC ကဒ် မပြနိုင်သူများကို ဖြတ်သန်းသွားလာခွင့် မပေးဘဲ ပြန်သွားခိုင်းကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

အဆိုပါ ကင်းစခန်းမှ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသောကြောင့် သရက်အုပ်ကျေးရွာသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားဝတ်နေရေးကို ဆိုးဆိုးရွားရွား ထိခိုက်မှုရှိနေသည့်အပြင်၊ သာမာန် လမ်းသွားလမ်းလာများအတွက်ပင် ကြီးမားသော အနှောက်အယှက်တစ်ခု ဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။

“ဒီကင်းစခန်းက ရိုဟင်ဂျာတွေကို ကန့်သတ်ဖို့နဲ့ နေလို့ မရရင် တဖက်နိုင်ငံကို ထွက်ပြေး ခိုလှုံအောင် တမင်သက်သက် ဖန်တီးထားတာသာ ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ