ဘူးသီးတောင် သိမ်တောင်ပြင်တွင် NGO အဖွဲ့အစည်း၏ အထောက်အပံ့ပစ္စည်းများ ထုတ်ယူသည့် ရွာသားများထံမှ အုပ်ချုပ်ရေးအဖွဲ့က ငွေကောက်ခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာတွင် NGO အဖွဲ့အစည်း၏ ထောက်ပံ့ပစ္စည်းများ ထုတ်ယူသည့် ရွာသားများထံမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ငွေကြေးကောက်ခံခဲ့သည်။ 

သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် ICRC အဖွဲ့မှ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရွာသားများအား ရိက္ခာနှင့် အခြားထောက်ပံ့ပစ္စည်းများ ဖြန့်ဝေစဉ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရွာသားများထံမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ငါးထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာဝင် ဒိုင်းနက် လူမျိုးစုနှစ်စု နေထိုင်ကြသော်လည်း အိမ်ထောင်စု ၄၅၀ စု ရှိသည့် ရိုဟင်ဂျာများကိုသာ ငွေမပေးလျှင် နောက်နောင် ထောက်ပံ့ပစ္စည်းများ ရရှိမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆို၍ ငွေကျပ် ငါးထောင်စီ ညှစ်ယူခဲ့ခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ