မြန်မာအစိုးရရဲ့ စနစ်တကျ နှိပ်ကွပ်မှုကြောင့် အနာဂတ်မဲ့နေသော ရိုဟင်ဂျာကျောင်းသားများ
RB News

ဘာလူခါလီ၊ ဘင်္ဂလားဒေ့ရှ် ။ ။ သြဂုတ်လ (၂၅) ရက်နေ့မှစ၍ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများ သေဆုံးခဲ့ရပြီး ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ခိုလှုံနေရသည်။

သြဂုတ်လ (၂၅) ရက်နေ့မှစ၍ ရိုဟင်ဂျာများ၏ နေအိမ်များကို မြန်မာစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက နေ့စဉ်နေ့တိုင်း မီးရှို့ဖျက်ဆီးလျက်ရှိပြီး၊ အိုးအိမ်စွန့်ခွာသွားသည့် ရွာများမှ ရိုဟင်ဂျာများပိုင် ပစ္စည်းများ၊ ကျွဲ၊ နွားများကို ရခိုင်အစွန်းရောက်များက ခိုးယူလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဌ ဦးထွန်းခင် က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာကျောင်းသားများနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ငါးဘာသာဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကိုမောင်မောင်မြင့်က ၎င်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဂုဏ်ပြုခဲ့သော်လည်း တက္ကသိုလ် တက်ခွင့်မရခဲ့ဟု ပြောဆိုသည်။ ၎င်းက မြန်မာနိုင်ငံဖွား တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု အသိအမှတ် ပြုခဲ့သော်လည်း ယခုအခါ တက္ကသိုလ်တက်ခွင့်ပင် မပေးတော့သည်ကို မေးခွန်းစရာ ဖြစ်နေသည်ဟု ဆိုသည်။

ဦးထွန်းခင် က တွေ့ဆုံမေးမြန်းထားသည့် ကျောင်းသားနှစ်ဦး ကိုမောင်မောင်ရွှေနှင့် ကိုမောင်မောင်မြင့် တို့၏ ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ