မွေးရပ်မြေ တမ်းချင်း
ရိုမရုန်(န) Rohingya Today
ဓါတ်ပုံ - Adam Dean

မွေးရပ်မြေ တမ်းချင်း

ကံ ဇာတ်ဆရာအလိုကျ
ရွက်လွှင့်လို့ တစ်နယ်ခြား
လူမမယ်ချိန်ခါကစ
လောကဓံ ကြံ့ကြံ့ခံလို့
ရုန်းကန်ခဲ့ ရက်များစွာ။

ရက်တွေက လကိုပြောင်း
လတွေက နှစ်ကိုပြောင်း
ဒီလိုနဲ့ လူလားမြောက်
ဘဝပညာ၊ လောကပညာ သင်ယူရင်း
မေ့မေ့ပျောက်ပျောက်ရှိခဲ့ မွေးရပ်မြေ။

တစ်နေ့
တော်လည်းသံအလား ရုတ်တရက်ကြား
မီးဟုန်းဟုန်းတောက်လောင်လို့
သူသူငါ အသက်လုကာပြေးနေကြ
သွေးစွန်းသွားသော ကျွနု်ပ်မွေးရပ်မြေ။

ထိုအချိန်မှ
သတိဝင်ကာ မွေးမြေပြန်တမ်းတလာ
နောင်တတွေ ဗရပွနဲ့
ကျွနု်ပ်ရင်မှာ ဗလောင်ဆူလို့
ကျွနု်ပ်သွေးနီနီလည်း ပွက်ပွက်ဆူသွား
သို့သော်... နောက်ကျခဲ့ပြီ မွေးရပ်မြေ။

အခုတော့ သင့်ကို မျှော်ငေးကာ
နာကြည်းစွာ ပင့်သက်ရှိုက်နေရ
အလွမ်းတွေ ရင်မှာပိုက်လျက်
ဘဝမှာ ခွင့်ခါကြုံရင်ဖြင့်
သင့်ရင်ခွင်သို့ပြေးကာအရောက်လာမည်ပ
လွမ်းရပါသော မွေးရပ်မြေရယ်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ