ပဲ့တင်သံများ
ရို မရုန်(န) Rohingya Today
ဓါတ်ပုံ - Wikimedia Commons

ပဲ့တင်သံများ

ညည်းသံ သဲ့သဲ့ကြားမိတယ်
နှုတ်ခမ်းကလား
နှလုံးသားကလား
ပဲ့တင်သံရိုက်ခတ်လို့
အိုး.....မိန်းမပျိုတစ်ဦးရဲ့
ဘဝပျက်သောချိန်ခါပါလား။

ငိုသံ သဲ့သဲ့ကြားမိတယ်
မျက်ဝန်းကလား
နှလုံးသားကလား
ပဲ့တင်သံရိုက်ခတ်လို့
အိုး.....ကလေးငယ်တစ်ယောက်ရဲ့
မိခင်ပျောက်ရှာသံပါလား။

ရှိုက်သံ သဲ့သဲ့ကြားမိတယ်
အဝေးကလား
အနီးကလား
ပဲ့တင်သံရိုက်ခတ်လို့
အိုး......မိခင်တစ်ယောက်ရဲ့ရင်ကွဲသံပါလား။

တောက်ခေါက်သံ သဲ့သဲ့ကြားမိတယ်
မချင့်မရဲသံလား
ဒေါသသံလား
ပဲ့တင်သံရိုက်ခတ်လို့
အိုး.......လုလင်တစ်ယောက်ရဲ့နာကြည်းသံပါလား။

မြည်ဟည်းသံ ကျယ်လောင်လောင်ကြားမိတယ်
တော်လည်းသံလား
မိုးပြိုသံလား
ပဲ့တင်သံရိုက်ခတ်လို့
အိုး......မွေးရပ်မြေရဲ့ကျရှုံးသံပါလား။

ခေါ်သံသဲ့သဲ့ကြားမိတယ်
လယ်ကွင်းကလား
တောင်တန်းကလား
ပဲ့တင်သံရိုက်ခတ်လို့
အိုး....အမိမြေ အာရ်ကန်ရဲ့ခေါ်သံပါလား။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ