ရသေ့တောင်မြို့နယ်တွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာများ ထိခိုက်မည်ကို စိုးရိမ်နေကြ
ရေဟန် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ရိုဟင်ဂျာများ ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ယနေ့ - စက်တင်ဘာလ (၁၇) ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စ၍ ရသေ့တောင်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသတွင်းရှိ ရိုဟင်ဂျာများ ထိခိုက်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မြန်မာစစ်တပ်က ရက္ခိုင့်တပ်တော် (AA) အား တိုက်ခိုက်ရန် ရေတပ်သင်္ဘောပေါ်မှ ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။ 

"မြန်မာစစ်တပ်က မဆင်မခြင် ပစ်နေတာကြောင့် အရပ်သားတွေရဲ့ ရွာတွေနဲ့ အိမ်တွေကို ထိခိုက်နေတယ်။ အခုလို ပစ်နေတာကြောင့် လူတွေ သေမှာ၊ ဒဏ်ရာရမှာကို စိုးရိမ်နေကြတယ်။ ကျွန်တော်တို့နားကရွာမှာ လူတစ်ယောက် သေသွားတယ်လို့ သတင်းရတယ်။ ဒါပေမယ့် သွားကြည့်လို့ မရသေးတော့ အတည်ပြုလို့ မရသေးဘူး" ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

မြန်မာစစ်တပ်မှ ပစ်ခတ်သည့် ကျည်ဆံသည် ညောင်ပင်ကြီးကျေးရွာမှ ဦးလာလူး (ဘ) ဦးအာဇီမူလ္လာ၏ နေအိမ်သို့ ကျရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ် ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ် အကြမ်းဖက်ပြီးနောက် ရသေ့တောင်မြို့နယ်တွင် ရိုဟင်ဂျာကျေးရွာ ၃ ရွာသာ ကျန်ရှိတော့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ